တောင်ကိုရီးယား အကျိုးစီးပွား ထိခိုက်တဲ့အပေါ် တရုတ်ကို တုန့်ပြန်နိုင်

  • 5 မတ် 2017
ဓာတ်ပုံ မူပိုင် KOREAN AIR
Image caption တရုတ်အစိုးရဟာ ပြည်တွင်းခရီးသွား ကုမ္ပဏီတွေကို တောင်ကိုရီးယားခရီးသွားအစီစဉ်တွေ လုပ်မပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့

တရုတ်အစိုးရဟာ တောင်ကိုရီးယားရဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်အောင် လုပ်နေတယ်လို့ သတင်းတွေ ထွက်လာအပြီးမှာ တောင်ကိုရီးယားဘက်က ဥပဒေလမ်းကြောင်း အရ တုန့်ပြန်ဖို့ ခြိမ်းခြောက်ခဲ့ကြောင်း ယုံဟတ် သတင်းဌာနက ပြောပါတယ်။

တောင်ကိုရီးယားက အမေရိကန် ဒုံးလက်နက်စနစ် တပ်ဆင်မှုကို လက်ခံခဲ့တဲ့အတွက် တရုတ်က တုန့်ပြန်နေတာလို့ တောင်ကိုရီးယားဘက်က ယူဆနေပါတယ်။

တရုတ်အစိုးရဟာ ပြည်တွင်းခရီးသွား ကုမ္ပဏီတွေကို တောင်ကိုရီးယားခရီးသွားအစီစဉ်တွေ လုပ်မပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဒုံးလက်နက် စနစ်အတွက် မြေရောင်းခဲ့တဲ့ တောင်ကိုရီးယား ကုမ္ပဏီဟာလည်း တရုတ်ပြည်တွင်းမှာ သပိတ်မှောက်ခံရပြီး စီးပွားရေး ထိခိုက်မှုတွေ ဖြစ်နေပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ဒီကိစ္စတွေအတွက် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က တဆင့် ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း တရုတ် ဝက်ဘ်ဆိုဒ် တချို့က တောင်ကိုရီးယား ဇတ်လမ်းတွဲတွေ ပြတာကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ