ပဲ့ထိန်း ဒုံးကျည်တွေ မြောက်ကိုရီးယား ပစ်လွှတ်

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ဘယ်လို ပဲ့ထိန်း ဒုံးကျည် အမျိုးအစားကို ပစ်လွှတ် ခဲ့တာလဲ ဆိုတာကိုတော့ အခုချိန် အထိ အတည်ပြု နိုင်ခြင်း မရှိသေး

မြောက်ကိုရီးယား နိုင်ငံက ပဲ့ထိန်း ဒုံးကျည် လေးစင်း ပစ်လွှတ် ခဲ့ပြီး အဲဒီ ဒုံးကျည် တွေက ဂျပန် ရေပိုင်နက် ထဲကို ကျရောက် ခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ပြောပါတယ်။

မြောက်ကိုရီးယား ဘက်က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည် တွေဟာ မိုင်ပေါင်း ၆၂၀ အကွာအဝေး အထိ ရောက်ရှိ ခဲ့ပြီး အဲဒီ အထဲက ဒုံးကျည် ၃ စင်း က ဂျပန် အထူး စီးပွားရေး ဇုန် ထဲ ကို ကျရောက် ခဲ့ တယ်လို့ ဂျပန် ဘက် က ပြောပါတယ်။

တရုတ် နဲ့ နယ်စပ် မြောက်ကိုရီးယား တုန်ချမ်းရီ ဒေသ က နေ ဒုံးကျည် တွေကို ပစ်လွှတ် ခဲ့တာ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က အတည်ပြု ခဲ့ပါတယ်။

ဘယ်လို ပဲ့ထိန်း ဒုံးကျည် အမျိုးအစားကို ပစ်လွှတ် ခဲ့တာလဲ ဆိုတာကိုတော့ အခုချိန် အထိ အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ဒုံးကျည် စမ်းသပ်မှု တွေ မလုပ်ဖို့ ကုလသမဂ္ဂ အဖွဲ့ကြီး က တားမြစ် ထားပါတယ်။

မတ်လ ၆ ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ခွဲခန့်မှာ ဒုံးကျည် တွေကို ပစ်လွှတ် ခဲ့တာ ဖြစ်ကြောင်း တောင်ကိုရီးယား ဘက် က အတည်ပြု ပြောကြား ခဲ့ပါတယ်။

အခု ဒုံးကျည် ပစ်ခတ်မှုတွေက မြောက်ကိုရီးယား ရဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ ဒုံးကျည် စမ်းသပ်မှုတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲ ခဲ့တဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုတွေကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ဘက်က ထုတ်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ