ကိုယ်ရှူရှိုက်တဲ့လေ ဘယ်လောက် သန့်သလဲ #လေသန့်ရှူခွင့်

  • 6 မတ် 2017
A snowy capped moutain in the Alps ဓာတ်ပုံ မူပိုင် John Laurenson

လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ အန္တရာယ်က အတော်ကြီး ဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါပြီ။

လေထုညစ်ညမ်းမှုကတဆင့် ဖြစ်တဲ့ရောဂါကြောင့် သေတဲ့သူအရေအတွက်က အေအိုင်ဒီအက်စ်ရောဂါကြောင့် သေတဲ့သူ အရေအတွက်ထက် ပိုများပါတယ်။

တစ်နှစ်ကို လူ ၆ သန်းခွဲလောက်က လေထုညစ်ညမ်းမှုကတဆင့် သေဆုံးရတာလို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

ဒါကြောင့် လေထုညစ်ညမ်းမှုလျှော့ချနိုင်မယ့် နည်းလမ်းတွေအကြောင်း အထူးအစီအစဉ် ရက်သတ္တပတ်အဖြစ် မတ်လ ၆ ရက်ကစပြီး ဘီဘီစီကနေ ကမ္ဘာတလွှားမှာရှိတဲ့ ပရိသတ်တွေကို မေးမြန်းတင်ဆက်နေပါတယ်။

မြန်မာနိုင်ငံမှာရော ကိုယ်ရှူရှိုက်တဲ့လေက ဘယ်လောက်သန့်ရှင်းပါသလဲ။ လေထုညစ်ညမ်းမှုလျှော့ချနိုင်အောင် ဘာလုပ်သင့်သလဲဆိုတဲ့ ကိုယ့်အမြင်တွေကို ဖေ့စ်ဘုတ်က Comment မှာပဲ ဖြစ်ဖြစ်၊ ဒီပုံတွေမှာလို ကိုယ့်ဓာတ်ပုံ စာတမ်းနဲ့ပဲဖြစ်ဖြစ် ဘီဘီစီကို ပေးပို့နိုင်ပါတယ်။

ဖေ့စ်ဘုတ်ပို့စ်၊ တွစ်တာ နဲ့ အင်စတာဂရမ်တို့မှာ ကိုယ့်အမြင်တွေ တင်ပြမယ်ဆိုရင် #လေသန့်ရှူခွင့် ဆိုတဲ့ ဟတ်ရှ်တက် စာသားလေးပါ ရေးပြီး တင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

ဥပမာလေးတွေအနေနဲ့ ...

ဂါနာနိုင်ငံက အက်ဒလိတ် အာသာကတော့ စက်ဘီးပိုစီးပြီး လေထုညစ်ညမ်းမှု လျော့အောင် လုပ်မယ်လို့ အခုလို ပြောပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Adelaide Arthur

ပါမောက္ခကြီး ဂျိုးဆက်ဖ်နီးကတော့ တရုတ်နိုင်ငံက ကျောက်မီးသွေးသုံး စက်ရုံတွေကို တားမြစ်သင့်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Professor Nye

#လေသန့်ရှူခွင့် နဲ့ ပတ်သက်ပြီး ကိုယ့်အမြင်တွေကို bbcburmese@gmail.com ဆီကိုလည်း ကိုယ့်အမြင်ရေးသားထားတဲ့ စာရွက်ကိုင်ထားတဲ့ ပုံနဲ့အတူ ပေးပို့နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Maria Innes

ဆက်စပ် အင်တာနက် လင့်များ

ပြင်ပ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများအပေါ် ဘီဘီစီက တာဝန်မယူပါ။