မြောက်ကိုရီးယား သံအမတ်ကို မလေးရှားနှင်ထုတ်

  • 6 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သံအမတ် ကန်ချိုလ်ဟာ မလေးရှားအစိုးကို တောက်လျှောက်ဝေဖန်နေခဲ့သူ ဖြစ်ပါတယ်။

မလေးရှားက မြောက်ကိုရီးယား သံအမတ်ကို နိုင်ငံကထွက်ခွာဖို့ ပေးထားတဲ့ ၄၈ နာရီ ပြည့်သွားတဲ့ မတ်လ ၆ ရက်နေ့မှာ နိုင်ငံထဲက နှင်ထုတ်လိုက်ပါတယ်။

လေဆိပ်အရောက်မှာပဲ မစ္စတာ ကန်ချိုလ်က မလေးရှားရဲ့ အစွန်းရောက် အပြုအမူတွေကြောင့် နှစ်နိင်ငံဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကတော့ သူ့နိုင်ငံရဲ့ သိက္ခာအရ ဒီအသံအမတ်ကို ဆက်မထားနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

မလေးရှားဟာ အချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံကိုသိက္ခာကျအောင် လုပ်တာတွေကို လက်မခံဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားကလည်း မလေးရှား သံအမတ်ကို နှင်ထုတ်မယ်လို့ ဒီကနေ့ပဲ ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ အဖေတူအမေကွဲအကို ကင်မ်ဂျုံနမ်း မလေးရှားမှာ အသတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကို သံအမတ်ကန်ချိုလ်က ဆက်တိုက် ဝေဖန်ပြောကြား နေခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကို ရဲအစောင့်အရှောက်နဲ့ လေဆိပ်ကို ပို့ပေးခဲ့ပြီး လေဆိပ်အရောက်မှာ သတင်းထောက်တွေက သူ့ကို ဝိုင်းမေးမြန်းခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ