ဖရန်ဆွာ ဖီယွန်ကို သမ္မတလောင်းအဖြစ် ဆက်ထောက်ခံနေကြဆဲ

  • 7 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဖရန်ဆွာ ဖီယွန်ကို သူ့ပါတီ ခေါင်းဆောင်ပိုင်းက ဆက်ထောက်ခံနေဆဲ

ပြင်သစ်နိုင်ငံမှာ ဗဟို လက်ျာယိမ်း ပါတီ ခေါင်းဆောင်တွေက လာမယ့်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သူတို့ပါတီတွေရဲ့ သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ့် ဖရန်ဆွာ ဖီယွန်ကို ထောက်ခံအားပေးကြောင်း အခိုင်အမာ ထပ်မံ ပြောကြားလိုက်ကြပါတယ်။

ပြင်သစ် ဆီးနိတ်လွှတ်တော်ခေါင်းဆောင် ဂျဟာ့ဒ် လာရှေး က ခေါင်းဆောင်ပိုင်းအနေနဲ့ မစ္စတာ ဖရန်ဆွာ ဖီယွန်ကို တညီတညွတ်တည်း ထောက်ခံအားပေးကြောင်းနဲ့ သူ့နေရာမှာ တခြားလူ အစားထိုးဖို့ ကြိုးပမ်းမှု မှန်သမျှကို ရပ်တန်းက ရပ်သင့်ပြီလို့ ပြောကြားလိုက်ပါတယ်။

တချိန်မှာ လူထုထောက်ခံမှု ထိပ်ဆုံးက ရခဲ့တဲ့ မစ္စတာ ဖီယွန်ဟာ ငွေအလွဲသုံးစားမှု စွဲချက်နဲ့ စစ်ဆေး မေးမြန်းခံရမယ်လို့ ပြောခဲ့အပြီး ထောက်ခံအားပေးမှုတွေ လျော့ကျသွားခဲပါတယ်။

မစ္စတာ ဖီယွန်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ့အနေနဲ့ တခြား ဘယ်လမ်းကိုမှ ရွေးမှာမဟုတ်ပဲ သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူ့ရဲ့ ပြိုင်ဘက် အာလိန် ယူပေး က သူ့နေရာမှာ အစားဝင် အရွေးခံမှာ မဟုတ်ဘူးလို့ ထုတ်ဖေါ်ပြောခဲ့တဲ့အတွက် မစ္စတာ ဖီယွန်ရဲ့ အနေအထားက ပိုခိုင်မာသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ