ထရမ့် ရဲ့ ကျန်းမာရေး ဥပဒေ ကို ဆေးရုံတွေက ဆန့်ကျင်

  • 9 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အီစတာ အားလပ်ရက် မတိုင်မီ ဥပဒေသစ် အတည်ပြု ပြဌာန်းနိုင်ဖို့ ရီပတ်ဘလီကန် ခေါင်းဆောင် အချို့က လိုလား နေ

အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ လို့ လူသိများတဲ့ ကျန်းမာရေး အာမခံ ဥပဒေ ကို အစားထိုး ဖို့ အတွက် ထရမ့် က သူ အဆိုပြု ထားတဲ့ ဥပဒေ ကို ထောက်ခံမှု ရရှိ နိုင်ရေး အတွက် ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဖို့ ရှိပါတယ်။

အမေရိကန် အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် က ဥပဒေ ပြုရေး ကော်မတီ တွေက အတည်ပြု ပြဌာန်း ဖို့ စီစဉ် နေပေမယ့် လက်ဝဲ၊ လက်ယာ အစု အဖွဲ့ တွေ နဲ့ အတူ ဆရာဝန်များ အဖွဲ့ကလည်း အဲဒီ ဥပဒေကို အပြင်းအထန် ဆန့်ကျင် နေပါ တယ်။

ထရမ့် အဆိုပြုတဲ့ ဥပဒေဟာ ရီစရာ မကောင်းတဲ့ ဟာသ တစ်ခု ပါပဲ၊ အခု အဆိုပြုချက် ကို ကွယ်ဝှက် ထားပါတယ်။ ကွန်ဂရက်မှာ ကြားနာမှုလည်း မလုပ်ခဲ့ပါဘူး။ အမေရိကန် တွေ အားလုံး ပိုက်ဆံ များများ ပေးပြီး ဝန်ဆောင်မှု နည်းနည်းပဲ ရမဲ့ အစီအစဉ် တစ်ခုပါပဲ လို့ ဒီမိုကရက် အမတ် တစ်ဦး ဖြစ်တဲ့ မက် ဒွိုင်း က ပြောကြား ခဲ့ပါတယ်။

အထက် နဲ့ အောက်လွှတ် တော်မှာ ရီပတ်ဘလီကန် ပါတီဝင် အများစု ရှိပေမဲ့လည်း ဥပဒေ သစ် တစ်ရပ် အတည်ပြု နိုင်ဖို့ ဒေါ်နယ် ထရမ့် အနေနဲ့ လိုအပ်တဲ့ ထောက်ခံ မှု မရရှိသေးဘူး ဖြစ်နေပါတယ်။

အဲဒီ ဥပဒေ ကို အကောင်အထည် ဖော်ဖို့ ကွန်ဂရက်မှာ အလျင်အမြန် ဆောင်ရွက် နိုင်ကြောင်း ဒီမိုကရက်တွေက သတိပေး နေသလို၊ အီစတာ အားလပ်ရက် မတိုင်မီ ဥပဒေသစ် အတည်ပြု ပြဌာန်းနိုင်ဖို့ ရီပတ်ဘလီကန် ခေါင်းဆောင် အချို့က လိုလား နေပါတယ်။