ထုတ်ပယ်ခံ တောင်ကိုရီးယားသမ္မတ အိမ်တော်က ထွက်ခွာ

  • 12 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံခုံရုံးက ရာထူးက ထုတ်ပယ်ခံရတဲ့ မစ္စ ပတ်ဂွန်ဟေးဟာ တရားဝင်သတင်းထုတ်ပြန်ချက်တာတော့ မလုပ်သေးပါဘူး

ထုတ်ပယ်ခံရတဲ့ တောင်ကိုရီးယားသမ္မတ ဟာ ဒီကနေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာခဲ့ပြီး နေအိမ်ကို ရောက်တဲ့အချိန်မှာ သူ့ကို ထောက်ခံသူတွေက ကြိုဆိုခဲ့ကြပါတယ်။

အချိန်ကြာဦးမှာ ဖြစ်ပေမယ့် အမှုမှာ ပေါ်မှာ ဖြစ်ပြီး သူ့ရဲ့ သမ္မတ တာဝန် မကျေခဲ့ဘူးလို့လည်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

အခုလို ဖွဲ့စည်းပုံခုံရုံးက ရာထူးက ထုတ်ပယ်ခံရတဲ့ မစ္စ ပတ်ဂွန်ဟေးဟာ တရားဝင်သတင်းထုတ်ပြန်ချက်တာတော့ မလုပ်သေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption နေအိမ်ကို ရောက်တဲ့အချိန်မှာ သူ့ကို ထောက်ခံသူတွေက ကြိုဆိုခဲ့

သူ့မှာ သမ္မတ ရာထူး မရှိတော့တဲ့အတွက် ရာဇဝတ်မှုနဲ့ စွဲချက်တင် ကင်းလွတ်ခွင့် မရှိတော့လို့ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

သမ္မတနေရာ ရွေးကောက်ပွဲအတွက် အဓိက ကိုယ်စားလှယ်လောင်း မွန်ဂျေအင် ကတော့ အစောပိုင်းက အခုလို ပြောဆိုထားခဲ့ပါတယ်။

'သမ္မတ ဟောင်းအနေနဲ့ သမ္မတ အိမ်တော်က မထွက်ခင်မှာ နိုင်ငံတော် စာရွက်စာတမ်းတွေ ယူသွားလို့မရသလို ဖျက်ဆီးပစ်ခဲ့လို့မရဘူးဆိုတဲ့အချက်ကို အားလုံးရှင်းစေချင်ပါတယ်' လို့ မစ္စတာ မွန်ဂျေအင်က ပြောခဲ့တာပါ။

သမ္မတသစ်အတွက် ရွေးကောက်ပွဲကို လာမယ့် မေလဆန်းမှာ ကျင်းပရမှာဖြစ်ပြီး သမ္မတဟောင်းကို စုံစမ်းစစ်ဆေးရေး ကိစ္စကိုလည်း အမြန်ဆုံး ဆောင်ရွက်ဖို့လိုတယ်လို့ မစ္စ္စတာ မွန်ဂျေအင်က ပြောပါတယ်။

လောလောဆယ် သမ္မတရာထူးနေရာကို မစ္စ ပတ်ဂွန်ဟေးအပေါ် သစ္စာရှိတဲ့ ဝန်ကြီးချုပ် ဟွမ်ကျိုအန်းက တာဝန်ယူထားပါတယ်။

မစ္စ ပတ်ဂွန်ဟေးကို မထောက်ခံသူတွေက သူ့ကို ထောင်ချဖို့ ဆန္ဒပြမှုတွေ ဆက်ရှိနေပြီး သူ့ကို ထောက်ခံသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့မှုဖြစ်စဉ်တွေ အပြီးမှာ ဆန္ဒပြသူ သုံးဦး သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ