နယ်သာလန်အပေါ် ဒဏ်ခတ် ပိတ်ဆို့ဖို့ တူရကီ တိုက်တွန်း

  • 13 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption တူရကီဝန်ကြီးတွေကို နယ်သာလန်ကို လာခွင့် ပိတ်ပင်အပြီး သမ္မတ အယ်ဒိုဝန်ကို ထောက်ခံသူ တူရကီတွေ ဆန္ဒပြ

နယ်သာလန် နိုင်ငံမှာ တူရကီ ဝန်ကြီးနှစ်ဦးကို လာမဲဆွယ် ဟောပြောခွင့် ပိတ်ပင်ခဲ့တဲ့ နယ်သာလန်စ် အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ တူရကီ သမ္မတ ရီချက် တေယစ် အယ်ဒိုဝန်က တိုက်တွန်းလိုက်ပါတယ်။

နယ်သာလန် နိုင်ငံမှာ နာဇီဝါဒ ပြန်လည်ထွန်းကားလာနေပြီလို့ သူက ပြောခဲ့ပြီး EU နိုင်ငံတွေက ဘာမှ ဝေဖန်တာမျိုး မရှိပဲ လက်ပိုက် ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

နယ်သာလန်နိုင်ငံဟာ EU အဖွဲ့၀င် နိုင်ငံတခုလို မဆောင်ရွက်ပဲ နိုင်ငံခြား အထောက်အပံ့ ယူနေရတဲ့ နိုင်ငံမွဲ တခုလို လုပ်နေကြောင်း၊ လူ့အခွင့်အရေး၊ စည်းမျဉ်းဥပဒေ၊ ဒီမိုကရေစီ စတာတွေအကြောင်း တူရကီနိုင်ငံကို သင်ကြားပို့ချနေသူတွေမှာ ဒီတန်ဖိုးတွေ လုံးဝ မရှိတာကို ကမ္ဘာက တွေ့မြင်သွားကြပြီ ဖြစ်ကြောင်း တူရကီ သမ္မတ အယ်ဒိုဝန်က ပြောသွားပါတယ်။

အခုအခါ ဒိန်းမတ် နိုင်ငံက တူရကီ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သလို ဂျာမနီအစိုးရကလည်း တူရကီကို ကယ်ဆယ်ရေး အကူအညီတွေ ပေးရေး ဆွေးနွေးဖို့ အခက်အခဲ ရှိတယ်လို့ သတိပေး ပြောကြားလိုက်တဲ့အတွက် ဒီပြဿနာ ပိုကြီးထွားလာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ