အမေရိကန်မှာ နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်

  • 14 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ဒီထရွိုင်မြို့က ဆီးနှင်းတွေ ဖုံးနေတဲ့ လမ်းဆုံ

အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသ တလျှောက်က မြို့တွေမှာ နှင်းမုန်တိုင်း တိုက်ခတ်ဖို့ ရှိတာကြောင့် ဂျာမနီ ဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်က အမေရိကန် သမ္မတ ထရမ့်နဲ့ ဝါရှင်တန်မြို့တော်မှာ လာတွေ့ဖို့ သူ့ရဲ့ ခရီးစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ပန်ဆေလ်ဗေးနီးယား၊ နယူးဂျာဆီ၊ နယူးယောက်နဲ့ ကွန်နက်တီကပ် ပြည်နယ်တွေမှာ နှင်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင် တချို့နေရာတွေမှာ ၆၀ စင်တီမီတာလောက် အထိ နှင်းထု ကျနိုင်မယ်လို့ မိုးလေဝသဗေဒ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လေယာဉ် ခရီးစဉ် ထောင်ပေါင်းများစွာကိုလည်း ဆိုင်းငံ့ထားလိုက်ပြီး ဖြစ်ပါတယ်။

စာသင်ကျောင်းတွေကိုလည်း ဒီကနေ့ အင်္ဂါနေ့မှာ ဆက်ပိတ်ထားမှာ ဖြစ်ပြီး လမ်းမတွေပေါ်မှာ ကားမမောင်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဝန်ကြီးချုပ် မာခဲလ်ရဲ့ ဝါရှင်တန်မြို့ ခရီးစဉ်ကို သောကြာနေ့ကို ရွှေ့လိုက်ပါတယ်။