တူရကီ နဲ့ နယ်သာလန် အကြား အငြင်းပွားမှု ပိုဆိုးလာ

  • 14 မတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption နယ်သာလန် နဲ့ တူရကီ အကြား အငြင်းပွားမှု ကြောင့် နယ်သာလန် မှာ လုံခြုံရေး တင်းကြပ်

တူရကီ နဲ့ နယ်သာလန် အစိုးရ အကြား အငြင်းပွားမှု ဟာ ပိုပြီး ဆိုးလာတဲ့ အသွင်ဆောင်လာပါတယ်။ တူရကီ ဘက်ကလည်း နယ်သာလန် အနေနဲ့ သူ့နိုင်ငံ ဝန်ကြီး နှစ်ယောက် ကို စည်းရုံး ဟောပြောခွင့် မပြုတဲ့ အပြင် နယ်နှင် ပစ်တဲ့ အတွက် စာအားဖြင့် လူသိရှင်ကြား တောင်းပန် ရမယ်၊ တူရကီ လူမျိုးတွေ ဆန္ဒပြတာ ကိုလည်း အင်အားသုံး ဖြိုခွဲ ခြင်းဟာ ဗီယင်နာ သဘောတူညီမှု ကို ဖေါက်ဖျက်တယ် လို့ ဆိုပါတယ်။

နယ်သာလန် ဘက်ကလည်း သူတို့ ပြည်တွင်း ရွေးကောက်ပွဲ နီးကပ်ချိန် မှာ တူရကီ အစိုးရ အတွက် ဝါဒဖြန့် စုဝေး ဟောပြောပွဲ ပြုခြင်းဟာ ပြည်တွင်း မှာ ပိုမို ရှုပ်ထွေး စေတယ် လို့ တုံ့ပြန် ပါတယ်။ နောက်ပြီးတော့ တူရကီ အစိုးရ ရဲ့ အုပ်ချုပ်ရေး စနစ် အပြောင်းအလဲ လူထု ဆန္ဒခံယူပွဲ ဟာလည်း ဧပြီလ ကျမှ ကျင်းပ မှာ မို့ ပြည်ပရောက် တူရကီ တွေ ရဲ့ အားပေး ထောက်ခံ မှု ရရှိရေး လှုံ့ဆော် ဖို့ ကလည်း အချိန် ရှိသေးကြောင်း ထောက်ပြပါတယ်။

အခုတော့ နေတိုး အဖွဲ့လည်း မနေသာ တော့ပါဘူး။ ဒီနှစ်နိုင်ငံအကြား ပြေလည်စေရေး ဝင်ပါနေရပါပြီ။ နှစ်နိုင်ငံစလုံးဟာလည်း နေတိုး အဖွဲဝင် တွေ ဖြစ်ပါတယ်။

နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် ယင်းန်း စတိုလ်ကျင် ဘက်ဂ် က သူဟာ နှစ်နိုင်ငံအစိုးရ တွေ နဲ့လည်း စကားပြောပြီးကြောင်း ဆိုရင်း

ပြင်းထန်တဲ့ စကားလုံးတွေ နဲ့ ငြင်းခုံ ကြတာဟာ ကျနော် တို့ ဒီမိုကရေစီ ကျင့်စဉ် ရဲ့တစိတ်တပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ အပြန်အလှန် လေးစားမှု ဟာလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ တည်တည် ငြိမ်ငြိမ် နဲ့ တင်းမာမှု အရှိန် ကို လျှော့ပေးဖို့ နှစ်နိုင်ငံ စလုံး ကို သတင်းစကား ပါးချင်ပါတယ်လို့ ပြောတာပါ။ နေတိုး အနေနဲ့ ပြင်ပ က အုပ်စုတွေ က ဝင်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေ စိန်ခေါ်မှု တွေ ကို အခုနေ အခါမှာ ပိုပြီး အာရုံစိုက်ဖို့ လိုတယ် လို့ ယုံကြည် ကြောင်း ပြောတာပါ။

ဂျာမန် ဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ် ကလည်း ဂျာမန် လူမျိုးတွေ ကို တူရကီ အာဏာပိုင်တွေ ကနေ နာဇီ နဲ့ နှိုင်းရင် ပယ်ချလေ့ရှိသလို နယ်သာလန် နိုင်ငံ လည်း ခံနိုင်မှာ မဟုတ်တဲ့ အကြောင်း၊ နယ်သာလန် နိုင်ငံ ဟာ နာဇီတွေ ရဲ့ ဒဏ် ကို စစ်အတွင်း က အလူးအလဲ ခံခဲ့ရတာ ကြောင့် ဂျာမနီ အနေနဲ့ နယ်သာလန် အစိုးရ ကို သွေးစည်းညီညွတ်မှု နဲ့ အတူ အပြည့် အဝ ထောက်ခံ တယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ