ရုပ်သံ စကား စစ်ထိုးပွဲ တွေမှာ နယ်သာလန် ပါတီတွေ အပြိုင်မဲဆွယ်

  • 14 မတ် 2017
Image caption ရုပ်သံ စကား စစ်ထိုးပွဲ

နယ်သာလန် နိုင်ငံမှာ မတ်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ဒီကနေ့ အထွေထွေ ရွေးကောက်ပွဲ ရှိနေပါတယ်။

ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာ ပြတ်ပြတ်သားသား မရှိကြတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့ မဲဆွယ်ပွဲ အဆုံးသတ် ပြုလုပ် ခဲ့ကြတဲ့ ရုပ်သံ စကား စစ်ထိုးပွဲတွေမှာ နယ်သာလန် နိုင်ငံရေး ပါတီတွေ အပြိုင် ကြိုးစား ခဲ့ကြပါတယ်။

လက်ရှိ ဝန်ကြီးချုပ် မာ့ခ် ရူတာ ဦးဆောင်တဲ့ ဗဟိုလက်ျာပါတီနဲ့၊ နိုင်ငံခြားသားတွေ ရွှေ့ပြောင်း ဝင်ရောက်မှုကို ဆန့်ကျင်ရေး အမြင်ရှိတဲ့ ခီးယာ့ထ် ဝီလ်ဒါစ် ဦးဆောင်တဲ့ ပါတီတွေဟာ ရွေးကောက်ပွဲ အကြို စစ်တမ်းတွေ အရ လူကြိုက်များမှုမှာ ထိပ်က ပြေးနေပါတယ်။

ဒီပါတီတွေ အပြင် နယ်သာလန်မှာ နိုင်ငံရေး ပါတီ ၂၈ ပါတီ ရှိနေပြီး ရွေးကောက်ပွဲ အပြီး နိုင်ငံရေး ဩဇာ တစုံတရာ ရရှိ လာဖို့ မျှော်လင့် နေကြပါတယ်။

နယ်သာလန် ရွေးကောက်ပွဲ အပြီး ဘယ် နိုင်ငံရေး ပါတီမှ တစ်ပါတီတည်း အစိုးရ သီးသန့် ဖွဲ့နိုင်လောက်အောင် အပြတ်အသတ် နိုင်မှာ မဟုတ်ပဲ ညွန့်ပေါင်း အစိုးရ တစ်ရပ် ပေါ်ပေါက် လာမယ်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။