အရှေ့ မြောက်ဘက်ပိုင်း ပြည်နယ်တွေ အရေးပေါ် အခြေအနေ ကြေညာ

  • 15 မတ် 2017
Image caption အရှေ့ မြောက်ဘက်ပိုင်း ပြည်နယ်တွေ တလွှား သွားရေး လာရေးတွေ ခက်ခဲ

အမေရိကန် ပြည်ထောင်စု၊ အရှေ့ မြောက်ဘက်ပိုင်း ဒေသတွေကို နှင်းမုန်တိုင်း ဝင်ရောက် နေပြီ ဖြစ်ပါတယ်။

နယူးယောက်၊ နယူးဂျာဆီ၊ ပင်ဆယ်ဗေးနီးယားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။

စာသင်ကျောင်းတွေ ပိတ်ထားပြီး၊ လေယာဉ် ခရီးစဉ် ထောင်နဲ့ချီ ဖျက်သိမ်း ခဲ့ရပါတယ်။

လေတိုက်နှုန်း တစ်နာရီကို မိုင် ၆ဝ အထိ ရှိနေပြီး အရှေ့ မြောက်ဘက်ပိုင်း ပြည်နယ်တွေ တလွှား သွားရေး လာရေးတွေ ခက်ခဲ နေပါတယ်။