ဒေါ်နယ်ထရမ့်အမိန့် ဟာဝိုင်ယီဆိုင်းငံ့

  • 16 မတ် 2017
ဓာတ်ပုံ မူပိုင် Bruce Omori
Image caption ဟာဝိုင်ယီ ရှေ့နေချုပ် ဒေါက်ဂလပ် ချင်း

အမေရိကန် ဟာဝိုင်ယီ ပြည်နယ်မှာ ဖက်ဒရယ် တရားသူကြီး တယောက်က ခရီးသွားလာခွင့် ပိတ်တဲ့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အမိန့်ကို ယာယီ ဆိုင်းငံ့ လိုက်ပါတယ်။

ပြည်ဝင်ခွင့်တွေ တင်းကျပ်ပြီး ဒုက္ခသည်တွေကို ဝင်ခွင့်ပိတ်တဲ့ ဒေါ်နယ် ထရမ့်ရဲ့ အမိန့်ဟာ ဒီနေ့မနက်မှာတင် အမေရိကန်မှာ စတင် သက်ဝင်တော့မှာ ဖြစ်ပါတယ်။

မေရီလန်းနဲ့ ဝါရှင်တန် ပြည်နယ်တွေမှာလည်း သီးခြား ကြားနာ ဆုံးဖြတ်မှုတွေ လုပ်ဖို့ ရှိပါတယ်။

မွတ်ဆလင် ၇ နိုင်ငံက လူတွေ အမေရိကန်ထဲ ခေတ္တ အဝင်မခံတဲ့ ဒေါ်နယ် ထရမ့်ရဲ့ ပထမ အမိန့်ကိုလည်း တရားရုံးတွေက ဆိုင်းငံ့ခဲ့ကြပါတယ်။

ဒီအမိန့်ဟာ လူဝင်မှု ဥပဒေတွေနဲ့ ကိုက်ညီရဲ့လား စောဒက တက်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ