'မြောက်ကိုးရီးယားအရေး မဖြေရှင်းနိုင်ခဲ့'

  • 16 မတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption နျူကလီးယား ခြိမ်းခြောက်မှု၊ ရေပိုင်နက် အငြင်းပွားမှု၊ ကုန်သွယ်ရေး အငြင်းပွားမှု စတဲ့ အရေးကိစ္စတွေက ကန် ဝန်ကြီးကို စောင့်ကြိုနေ

မြောက်ကိုးရီးယားရဲ့ စစ်ရေးပြင်ဆင်လှုပ်ရှားမှုတွေအပေါ် တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံး နိုင်ငံတကာဘက်က သံတမန်ရေး ကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့ဘူးလို့ အာရှခရီးစဉ်အဖြစ် ဂျပန်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က ပြောပါတယ်။

ဒါကြောင့် သံတမန်ရေးမှာ ချဉ်းကပ်မှုအသစ်တစ်ခု လိုနေတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း မြောက်ကိုးရီးယားကို ပိတ်ဆို့အရေးယူမှု အပြည့်အဝလုပ်ဖို့ သူက တိုက်တွန်းပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အာရှခရီးစဉ်တွင်း အဓိက ဆွေးနွေးစရာ

မြောက်ကိုးရီးယားရဲ့ ''အန္တရာယ်ရှိပြီး ဥပဒေမဲ့'' နျူကလီးယား မစ်ဇိုင်း အစီအစဉ်တွေကို ကိုင်တွယ်ရေးမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံကိုလည်း မစ္စတာ တေလာဆန်က ပြောခဲ့ပါတယ်။

မစ္စတာ တေလာဆန်ဟာ ဂျပန်ကနေ သောကြာနေ့မှာတော့ တောင်ကိုးရီးယားကို သွားရောက်မှာ ဖြစ်ပြီး စနေနေ့မှာတော့ တရုတ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ