ပြင်သစ်မှာ ရဲလက်က သေနတ်လုသူ ပစ်သတ်ခံရ

  • 18 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လောလောဆယ်မှာ အော်လီလေဆိပ်က လူတွေကို ဘေးလွတ်ရာရွှေ့ခဲ့ပြီး လေကြောင်းခရီးစဉ်တွေကိုလည်း ချားလ်စ်ဒီဂေါ လေဆိပ်ကို လမ်းကြောင်းလွှဲထား

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အော်လီ နိုင်ငံတကာ လေဆိပ်မှာ လုံခြုံရေး တယောက်လက်က သေနတ်လုဖို့ ကြိုးစားသူ တယောက်ကို လေဆိပ်လုံခြုံရေး ရဲတွေက ပစ်သတ်လိုက်ပါတယ်။

အခင်းဖြစ်တဲ့အချိန် အနီးနားမှာရှိတဲ့ လေဆိပ် ဝန်ထမ်းတဦးကတော့

'ပထမတော့ တခုခု ပြုတ်ကျသလို ဝုန်းခနဲ အသံပဲကြားရတယ်၊

နောက်ပိုင်း သေနတ်သံတွေ ထွက်ပြီး ရဲတွေရော၊ မန်နေဂျာကပါ ပြေးခိုင်းတော့ အကုန်လုံး ထွက်ပြေးရတာပဲ' ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

အခုလို ပစ်သတ်ခံရသူဟာ အစွန်းရောက် သမားတဦးအဖြစ် စောင့်ကြည့်ခံရတဲ့ စာရင်းထဲမှာ ပါတယ်ဆိုတာ ရဲတွေက သိပြီးသား ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေးဌာနက ပြောပါတယ်။

ဒီလူဟာ အစောပိုင်းက ပါရီမြို့မြောက်ပိုင်း စစ်ဆေးရေး ဂိတ်တခုမှာ ရဲတယောက်ကို ပစ်ခတ် ဒဏ်ရာ ရစေခဲ့ပြီး ထွက်ပြေးသွားတဲ့သူပါပဲလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ပစ်သတ်ခံရသူရဲ့ မိသားစုဝင်တွေကိုလည်း ရဲတွေက ခေါ်ယူ စစ်ဆေးနေပါတယ်။

လောလောဆယ်မှာ အော်လီလေဆိပ်က လူတွေကို ဘေးလွတ်ရာရွှေ့ခဲ့ပြီး လေကြောင်းခရီးစဉ်တွေကိုလည်း ချားလ်စ်ဒီဂေါ လေဆိပ်ကို လမ်းကြောင်းလွှဲထားလိုက်ပါတယ်။

ဗုံးကျွမ်းကျင်သူတွေကလည်း ဒီလေဆိပ်မှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖေါက်ခွဲရေး ပစ္စည်းတွေတော့ မတွေ့ခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ