အမေရိကန် ရုရှားပတ်သက်မှု မတွေ့ရဘူးလို့ FBI ထွက်ဆို

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption စွပ်စွဲချက်တွေအပေါ် FBI စုံစမ်းထားသမျှ ညွှန်ကြားရေးမှူး James Comey ထွက်ဆို

မနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားအစိုးရ ပါဝင်ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို FBI အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေး အဖွဲ့က စုံစမ်းနေတယ်လို့ FBI ညွှန်ကြားရေးမှူး James Comey က ပထမဆုံးအကြိမ် အတည်ပြု ပြောကြားလိုက်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ ရုရှားအစိုးရအကြား လျှို့ဝှက် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့သလား ဆိုတာကို FBI အဖွဲ့က စုံစမ်းနေတယ်လို့ မစ္စတာ Comey က စုံစမ်းစစ်ဆေးရေး ဆိုင်ရာ ကွန်ဂရက်စ် ကော်မီတီကို ထွက်ဆိုခဲ့ပါတယ်။

မစ္စတာ ထရမ့်ကတော့ ဒီစွပ်စွဲချက်တွေကို အမြဲ ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ထရမ့်ရဲ့ ဖုန်းတွေကို သမ္မတ အိုဘားမား အစိုးရက ခိုးနားထောင်ခဲ့တယ် ဆိုတဲ့ မစ္စတာ ထရမ့်ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်က စွပ်စွဲချက်တွေကို FBI အနေနဲ့ အသေအချာ စုံစမ်း စစ်ဆေးခဲ့ပေမယ့် ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထား တစုံတရာ မတွေ့ခဲ့ရဘူးလို့ မစ္စတာ Comey က ပြောသွားပါတယ်။

ဒါပေမယ့် သမ္မတ ထရမ့်ကတော့ သူ့စွပ်စွဲချက်တွေကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ