ဘရာဇီးလ်နိုင်ငံ တင်ပို့တဲ့ အသားတွေကို နိုင်ငံတချို့ ပိတ်ပင်

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ပုပ်သိုးတဲ့ အသားတွေ ထုတ်လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အသားစက်ရုံတွေကို ၀င်ရောက် စစ်ဆေး

ဘရာဇီးလ်နိုင်ငံမှာ ပုပ်သိုးနေတဲ့ အသားစိမ်းတွေကို အသားကုမ္ပဏီတွေက နှစ်ပေါင်းများစွာ ထုတ်လုပ် ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာအပြီးမှာ ဘရာဇီးလ်နိုင်ငံထုတ် အသားစိမ်းတွေကို အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ နိုင်ငံတချို့က ဝယ်ယူမှုတွေ ဆိုင်းငံ့လိုက်ပါတယ်။

ဘရာဇီးလ်နိုင်ငံဆီက အမဲသား သိုးသား အသားစိမ်း တင်သွင်းမှုကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်သလို ဥရောပ သမဂ္ဂကလည်း ဒီအရှုပ်တော်ပုံကြီးမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေက ထုတ်တဲ့ အမဲသား၊ သိုးသား၊ ကြက်သားနဲ့ တခြားထွက်ကုန်တွေ ဝယ်ယူတင်သွင်းမှုကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဘရာဇီးလ်နိုင်ငံရဲ့ သားစိမ်းထုတ်လုပ်တဲ့ အဓိက ကုမ္ပဏီကြီးတွေရဲ့ ရုံးတွေကို ဖယ်ဒရယ်လ် ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

အဲဒီကုမ္ပဏီကြီးတွေဟာ ပုပ်သိုးနေတဲ့ အသားတွေကို ထုတ်လုပ် ရောင်းချနေပြီး စက်ရုံ သန့်ရှင်းစင်ကြယ်မှု မရှိတာတွေ၊ ဥပဒေချိုးဖောက်နေတာတွေကို မမြင်ယောင်ဆောင်နေဖို့ အစိုးရ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တွေကို လာဘ်ထိုးခဲ့ကြတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ