သမီးအလုပ်ခန့်မိလို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး နုတ်ထွက်

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် JACQUES DEMARTHON
Image caption သူ့ကြောင့် အစိုးရ အပြောအဆို ခံရတာ မဖြစ်စေချင်လို့ ထွက်

ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bruno Le Roux သူ့သမီး ၂ ယောက်ကို ကျောင်းသူဘဝနဲ့ လွှတ်တော် လက်ထောက်တွေ အဖြစ် အလုပ်ခန့်ခဲ့တယ် ဆိုတဲ့ သတင်း ထွက်လာပြီးနောက် ရာထူးက နုတ်ထွက်သွားပါတယ်။

ဒေါ်လာ ခြောက်သောင်းလောက်တန်တဲ့ ဒီအလုပ် တွေကို မစ္စတာ Le Roux က သူ့သမီးတွေကို လွန်ခဲ့တဲ့ ၇ နှစ်လောက်က ပေးခဲ့တဲ့ ကိစ္စ အတွက် စတင် စုံစမ်းနေပြီ လို့လည်း ပြင်သစ် အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

လွှတ်တော် လုပ်ထုံးတွေကို ချိုးဖောက်ခဲ့တာ မရှိကြောင်းနဲ့ သူ့သမီးတွေကလည်း အလုပ်ကို တကယ် ကြိုးကြိုးစားစား လုပ်ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ကြောင့် အစိုးရ အပြောအဆို ခံရတာ မဖြစ်စေချင်လို့ ထွက်တာလို့ မစ္စတာ Le Roux က ဆိုပါတယ်။

သမီးတွေကို ကျောင်းအားရက်မှာ အလုပ်ခန့်တဲ့ ကိစ္စ ပြောစရာတွေ ဖြစ်နေတာကို ကျွန်တော် သိပါတယ်၊ ဒါ တရားဝင် ခန့်တာပါ၊ အမျိုးသား လွှတ်တော် စည်းမျဉ်းတွေနဲ့အညီ အတိအကျ လုပ်ခဲ့တာပါလို့ နုတ်ထွက်သွားတဲ့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က ဆိုပါတယ်။

ရှေးရိုးစွဲ သမ္မတလောင်း ဖြစ်တဲ့ ဖရန်ဆွာ ဖီယွန်း ကိုလည်း ငွေကြေး အလွဲသုံးစားမှုနဲ့ စာရွက်စာတမ်းအတု လုပ်တယ် ဆိုပြီး စုံစမ်းစစ်ဆေးမှု တွေ လုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ