ထရမ့်မဲဆွယ်သူ ယူကရိန်းငွေယူလို့ စွပ်စွဲ

  • 21 မတ် 2017
ဓာတ်ပုံ မူပိုင် NATALIA KOLESNIKOVA
Image caption ပြုတ်ကျသွားတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ချ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အတွက် ရွေးကောက်ပွဲတုန်းက မဲဆွယ်ပေးတဲ့ ကမ်ပိန်း မန်နေဂျာတယောက်ဟာ ပြုတ်ကျသွားတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ချ်အတွက် ငွေယူပြီး လျှို့ဝှက်လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

ယူကရိန်း လွှတ်တော်အမတ် ဆာဟီး လက်ရှန်ကိုက ထရမ့်ရဲ့ ကမ်ပိန်း မန်နေဂျာဟောင်း ပေါလ် မန်နာဖို့ ကို စွပ်စွဲ ပြောဆိုခဲ့တာ ဖြစ်ပြီး သူ့မှာ သက်သေ အထောက်အထားတွေ ရှိတယ် လို့လည်း ဆိုပါတယ်။

မစ္စတာ မန်နာဖို့ က ယူကရိန်းမှာ နိုင်ငံရေး အကြံပေး လုပ်ခဲ့ဖူးကြောင်း ဝန်ခံပေမယ့် သူ့ကို ငွေပေးတာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ယုတ္တိ မရှိဘူးလို့ပဲ ငြင်းဆိုပါတယ်။

မန်နာဖို့ လက်မှတ်ထိုးထားတဲ့ ငွေရ ပြေစာ တစောင် သူ့မှာ ရှိတယ်လို့ပဲ ယူကရိန်းအမတ် လက်ရှန်ကို က ဆိုပါတယ်။

အဲဒိစာက လက်တင် အမေရိက နိုင်ငံ တခု ဖြစ်တဲ့ ဘလိဇ်မှာ မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီ တခုကနေ မန်နာဖို့ဆီ ဒေါ်လာ ၇ သိန်းခွဲ လွှဲပေးတဲ့ ပြေစာ လို့လည်း သူက ဆိုပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုတွေကို အထောက်အထား မခိုင်လုံဘူးလို့ပဲ မစ္စတာ မန်နာဖို့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ