အကြမ်းဖက်မှု ထရီဇာမေ စက်ဆုပ် ရှုတ်ချ

  • 22 မတ် 2017
ဓာတ်ပုံ မူပိုင် RICHARD POHLE
Image caption ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာ မေ

နေ့ခင်းက ပါလီမန်နားမှာ တိုက်ခိုက်မှု ဖြစ်ပြီးနောက် ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာ မေနဲ့ အစိုးရ အဖွဲ့ ဒေါင်းနင်းလမ်းမှာ ညတွင်းချင်း အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကို သိမ်ဖျင်း နုံချာတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထရီဇာမေက ရှုတ်ချ လိုက်ပြီး သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုတွေနဲ့ အတူ ထပ်တူ ခံစားရကြောင်းလည်း သူက ဆိုပါတယ်။

ရဲနဲ့ လုံခြုံရေး ဝန်ထမ်းတွေက အင်မတန် ရဲရဲရင့်ရင့်နဲ့ အန္တရာယ်ကို ရင်ဆိုင်တွေ့ပြီး တာဝန်ကျေပွန်ခဲ့တဲ့အတွက်လည်း သူက ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

ဘယ် အကြမ်းဖက်မှု မျိုးကိုမှ ဗြိတိန် အနေနဲ့ အရှုံးပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီအကြမ်းဖက်မှု နောက်ကွယ်က အသေးစိတ် အချက်အလက်တွေလည်း ထွက်ပေါ် လာပြီလို့ သူက ဆိုပါတယ်။

ဗြိတိန် ကို အကြမ်းဖက် ရန် ပြင်းပြင်းထန်ထန် စိုးရိမ်ရတဲ့ အဆင့်မှာ ဆက်ထားမယ် လို့လည်း ထရီဇာမေက ဆိုပါတယ်။

အသေးစိတ်ကို ရဲက ဒီညမှာ ဆက်ထုတ်ပြန်ဖို့ ရှိပြီး တိုက်ခိုက်သူ တယောက် ရှိကြောင်း သူက အတည်ပြုပါတယ်။

လန်ဒန်က လူတွေကို ပုံမှန်အတိုင်း လုပ်ကိုင် လှုပ်ရှားကြဖို့နဲ့ အမုန်းတရားကြောင့် စည်းလုံးမှု မပြိုကွဲစေဖို့ ထရီဇာမေက ဆော်သြ လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ