လန်ဒန် ပါလီမန် တိုက်ခိုက်မှု လူ ၄ ယောက်သေဆုံး

  • 23 မတ် 2017
ဓာတ်ပုံ မူပိုင် JOEL FORD
Image caption အတားအဆီးတွေ ချထားရတဲ့ ဘက်ကင်ဟမ်နန်းတော်

မနေ့ နေ့လယ်က လန်ဒန် ပါလီမန်နားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးပြီး လူ ၄ဝ လောက် ဒဏ်ရာ ရခဲ့ပါတယ်။

ပါလီမန်နားက ဝက်စမင်စတာ တံတားပေါ် လမ်းလျှောက်နေသူတွေထဲကို ကားတစင်း မောင်းဝင်လာပြီးနောက် လူတွေကို လိုက်တိုက်ပြီးနောက် ဒီလူက ပါလီမန် ခြံဝင်းထဲ ဝင်ပြီး ရဲကို ဓားနဲ့ထိုးခဲ့ပါတယ်။

နောက် အဲဒီလူကို ရဲက ပစ်သတ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အစ္စလာမ္မစ် နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှု အဖြစ် ယူဆကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်သူ ရဲ့ ပုံစံ သွင်ပြင်ကို သူတို့သိတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှု အတွင်း ပြင်သစ်ကလာတဲ့ ကျောင်းသားလေးတွေ ထိခိုက် ဒဏ်ရာ ရခဲ့သလိုပဲ အမျိုးသမီးတယောက်ဟာ တင်းမ်မြစ်ပေါ်က ခုန်ချ ခဲ့ရလို့ သူ့ကို မြစ်ထဲ လိုက်ဆယ် ခဲ့ရပါတယ်။

စကော့တလန်နဲ့ ဝေလနယ်က လွှတ်တော်အစည်းအဝေးတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာ မေနဲ့ အစိုးရ အဖွဲ့ ဒေါင်းနင်းလမ်းမှာ ညတွင်းချင်း အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

လန်ဒန် အနှံ့အပြား ရဲတွေ ထပ်မံ ချထားပြီး အကြမ်းဖက် နှိမ်နင်းရေး အတွက် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ် လို့လည်း လန်ဒန် ရဲအဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေး

ဒီတိုက်ခိုက်မှု အတွင်း ပြင်သစ်ကလာတဲ့ ကျောင်းသားလေးတွေ ထိခိုက် ဒဏ်ရာ ရခဲ့သလိုပဲ အမျိုးသမီးတယောက်ဟာ တင်းမ်မြစ်ပေါ်က ခုန်ချ ခဲ့ရလို့ သူ့ကို မြစ်ထဲ လိုက်ဆယ် ခဲ့ရပါတယ်။

တောင်ကိုရီးယားက ခရီးသည် ၅ ယောက်နဲ့ ရိုမေးနီးယားက ၂ ယောက်လည်း ဝက်စမင်စတာ တံတားပေါ်မှာ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Sikorski ကတော့ ဒီဖြစ်ရပ်တွေကို တက္ကစီ အငှားကား တစီးပေါ်ကနေ မြင်လိုက်ရပြီး အနည်းဆုံး လူ ၅ ယောက် လောက်ကို ကားက လိုက်ကြိတ်တယ်လို့ ဆိုပါတယ်။

ဒီထဲက တယောက်က သွေးတွေ အများကြီး ထွက်လာတယ်လို့လည်း သူက ဆိုပါတယ်။

တံတားပေါ်က ပြုတ်ကျလာတဲ့ အမျိုးသား တယောက် အောက်က ပလက်ဖောင်းပေါ် ရိုက်မိတာကို တွေ့ခဲ့ရတဲ့ ဓာတ်ပုံ သမားတွေလည်း ရှိပါတယ်။

ဒီလန်ဒန်တိုက်ခိုက်မှုမှာ ပြင်သစ် ကျောင်းသား ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ပဲရစ်မြို့က အိုင်ဖယ် မျှော်စင်ကြီးက မီးရောင်တွေကို ညသန်းခေါင်မှာ ပိတ်ပစ်လိုက်ပါတယ်။

ပြင်သစ် ဝန်ကြီးချုပ်က ထိခိုက်သေဆုံးသူတွေနဲ့ သူတို့မိသားစု ရောင်းရင်းတွေကို သူ့ရဲ့ စာနာလေးစားမှုကို ပြသကြောင်း ပြောဆိုခဲ့သလို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကလည်း ဗြိတိသျှ ဝန်ကြီးချုပ်ဆီ ဖုန်းဆက် သတင်းမေးခဲ့ပါတယ်။

စပိန်၊ သြစတြေးလျ နဲ့ ကမ္ဘာတလွှားက ခေါင်းဆောင်တွေကလည်း စာနာဝမ်းနည်းကြောင်း သတင်းစကားတွေ ပို့ခဲ့ကြပြီး ဒီတိုက်ခိုက်မှုကို ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ပါလီမန် လွှတ်တော်တွေကို တိုက်ခိုက်မှု အဖြစ် ရှုတ်ချခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ