ကမ္ဘာ့အကြီးဆုံး နေအတုကြီးရဲ့ မီးစဖွင့်

  • 24 မတ် 2017
Image caption ဆလိုက်မီးပေါင်း ၁၄၉ ခုကို ပျားအုံကြီး သဖွယ် တွဲဆက်ထား

ကမ္ဘာ့ အကြီးဆုံး နေအတု အဖြစ် ဖန်တီးထားတဲ့ အရာကို ဂျာမနီ နိုင်ငံက သိပ္ပံ ပညာရှင်တွေ ခလုပ်ဖွင့် လိုက်ပြီ ဖြစ်ပါတယ်။

ဇီနွန် မီးခေျာင်းတွေ တပ်ဆင်ထားတဲ့ ဆလိုက်မီးပေါင်း ၁၄၉ ခုကို ပျားအုံကြီး သဖွယ် တွဲဆက် ထားတာပါ။

လက်သုပ်ပုဝါ အရွယ်အစား နေရာပြင်ကျယ် တစ်ခု အပေါ် အဲဒီ ဆလိုက်မီးတွေ စုပေါင်းပြီး ထိုးလိုက်ရင် ၃ ထောင် ဒီဂရီ ဆဲစီရပ်စ် အထိ ပူပြင်း နိုင်မှာ ဖြစ်ပါတယ်။

ရေထဲကနေ ဟိုက်ဒရိုဂျင် ဒြပ်စင်ကို ခွဲထုတ် ယူနိုင်ဖို့ တီထွင်ထားတာ ဖြစ်ပြီး၊ အနာဂတ်မှာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေတဲ့ စွမ်းအင်လောင်စာ ဖန်တီးဖို့ ရည်ရွယ် ထားပါတယ်။