ကီးစတုန်း မဟာရေနံ ပိုက်လိုင်း သွယ်ဖို့ ထရမ့်ခွင့်ပြု

  • 24 မတ် 2017
Image caption ရေနံပိုက်လိုင်း စီမံကိန်းကို ဆန့်ကျင် ဆန္ဒပြ

အမေရိကန် ပြည်ထောင်စုမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ Keystone XL လို့ ခေါ်တဲ့ ရေနံပိုက်လိုင်း တည်ဆောက် သွယ်တန်းမယ့် စီမံကိန်းကို သမ္မတ ထရမ့်က သဘောတူ ခွင့်ပြု လိုက်ပါတယ်။

ကနေဒါ နိုင်ငံက ရေနံစိမ်းတွေကို အမေရိကန်ကို ဖြတ်သန်းပြီး မက္ကဆီကို ပင်လယ်ကွေ့က ရေနံချက် စက်ရုံတွေဆီ ပို့ဆောင်မယ့် စီမံကိန်း ဖြစ်ပါတယ်။

အဲဒီ ပိုက်လိုင်းကနေ တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၈ သိန်း အထိအောင် သယ်ယူ နိုင်ဖို့ ရည်မှန်း ထားပါတယ်။

Keystone XL စီမံကိန်း အကောင်အထည် ပေါ်လာတာဟာ အမေရိကန် နိုင်ငံထဲ အလုပ်အကိုင်သစ်တွေ ပေါ်ထွန်း လာစေနိုင်သလို၊ ပြည်တွင်း စွမ်းအင်လောင်စာ ဖူလုံရေး အတွက်လည်း သမိုင်းတွင်မယ့်နေ့ပဲ ဆိုပြီး သမ္မတ ထရမ့်က ပြောပါတယ်။

ထရန်စ်ကနေဒါ ကော်ပိုရေးရှင်းက တည်ဆောက်မယ့် ဒီ စီမံကိန်းဟာ ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲခြင်း ပြဿနာကို ဦးဆောင် ကိုင်တွယ်နေတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍ အပေါ် ထိခိုက် စေနေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ အိုဘားမား လက်ထက်တုန်းက အတည် မပြုပဲ ပိတ်ပင် ထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ