အရပ်သားတွေ သေခဲ့တဲ့ မိုဆိုးလ်မြို့ ဗုံးကြဲမှု အမေရိကန် ဝန်ခံ

  • 26 မတ် 2017
Image caption မိုဆိုးလ် အနောက်ဘက်ခြမ်း လေကြောင်းတိုက်ခံရ

အီရတ် နိုင်ငံ၊ မိုဆိုးလ်မြို့ အနောက်ဘက်ခြမ်းမှာ အရပ်သားတွေ အများအပြား သေဆုံး စေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တာမှာ၊ အဲဒီ အရပ်ကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့က ဗုံးကြဲခဲ့ကြောင်း ပင်တာဂွန် စစ်ဌာနချုပ်က အတည်ပြု ပြောကြား လာပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ထိန်းချူပ်ထားရာ မိုဆိုးလ် အနောက်ဘက်ခြမ်း အရပ်တွေကို အီရတ် အစိုးရတပ်က အကူအညီတောင်းတဲ့ အတွက် လေကြောင်း ပစ်ကူတွေ ပေးခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ်က ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် တုန်းက ပြုလုပ် ခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သား တွေ ရာနဲ့ချီ သေဆုံး ခဲ့ရတယ် ဆိုတဲ့ အချက် ထွက်ပေါ် လာတဲ့နောက် အမေရိကန် အနေနဲ့ စုံစမ်း သွားမယ်လို့ ပင်တာဂွန် ရဲ့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

အဆောက်အဦ အပြိုအပျက်ပုံ တွေကြား အလောင်း ၅ဝ ထက် မနည်း ဆွဲထုတ် ခဲ့ကြပြီး၊ အပျက်အစီးတွေကြား ပိနေတဲ့ အလောင်းတွေ အများအပြား ကျန်နေ သေးတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီ အရပ်ကနေ IS တွေ ထွက်သွားအောင် အီရတ် အစိုးရတပ်က တိုက်ခိုက် နေတာမှာ အင်အား အလွန်အကျွံ သုံးစွဲမှုကြောင့် အခုလို ဝမ်းနည်း ကြေကွဲစရာတွေ ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက် လာရတယ်လို့ အီရတ် ဒုတိယ သမ္မတ အိုစမာ အယ်လ် နူဂျေဖီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ