ဟောင်ကောင်လူထုကြား ကွဲလွဲမှုတွေ ခေါင်းဆောင်သစ်က စေ့စပ်မယ်

  • 26 မတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption 'ကျမ အနေနဲ့ကတော့ အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ တနိုင်ငံ၊ စနစ် ၂ မျိုးပုံစံနဲ့ ကျမတို့ တန်ဖိုးထားတာတွေကို ကာကွယ်ဖို့ အကောင်းဆုံးလုပ်သွားမှာပါ လို့' ပြော

ဟောင်ကောင်ပြည်သူလူထု သဘောထားကွဲလွဲနေတာတွေကို ပြန်လည် စေ့စပ်ပေးဖို့က သူ့တာဝန်ဖြစ်တယ်လို့ အသစ်ခန့်အပ်ခံရတဲ့ အထူးအုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရဲ့ အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းက ပြောပါတယ်။

မစ္စ ကယ်ရီလမ်းကို ပင်မ တရုတ်အစိုးရကို သစ္စာခံတဲ့လူ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အထူးကော်မတီဝင် ထောင့်နှစ်ရာ နီးပါးက မဲပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စ ကယ်ရီလမ်းက

'ဟောင်ကောင်ဟာ အမြင်နဲ့ တန်ဖိုးထားပုံ အမျိုးမျိုးရှိသူတွေ အတူယှဉ်တွဲ နေကြတဲ့ နေရာပါ။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားတာ၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ် ရှိတာတွေဟာ ဟောင်ကောင် လူထုအတွက် ဂုဏ်ယူစရာပါ။

ကျမ အနေနဲ့ကတော့ အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ တနိုင်ငံ၊ စနစ် ၂ မျိုးပုံစံနဲ့ ကျမတို့ တန်ဖိုးထားတာတွေကို ကာကွယ်ဖို့ အကောင်းဆုံးလုပ်သွားမှာပါ' လို့ ပြောခဲ့ပါတယ်။

မစ္စ လမ်းဟာ ဟောင်ဟောင် ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူးလည်း ဖြစ်ခဲ့ဖူးပြီး အခုတကြိမ်မှာ မဲအရေအတွက် သိသိသာသာ တဝက်ကျော်ရရှိပြီး အုပ်ချုပ်ရေးမှူး ဖြစ်လာတာပါ။

အခုလို ရွေးချယ်မှုမလုပ်ခင် သဘောထားကောက်ခံမှုတွေအရ ဟောင်ကောင်လူထုဟာ မစ္စလမ်းရဲ့ အဓိက ပြိုင်ဘက် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျွန်ဆန်းကို ထောက်ခံကြတာကို တွေ့ခဲ့ရပါတယ်။

တကယ်တမ်း ရွေးချယ်မှုမှာ ဟောင်ကောင်လူထုထဲက လူနည်းစုကပဲ ခေါင်းဆောင် မဲပေးခွင့်ရတဲ့အတွက် ဒီခေါင်းဆောင်ရွေးပွဲကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ရှုတ်ချထားတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ