UN နျူ လက်နက် ပိတ်သိမ်းရေး ကို အမြဲတမ်း အဖွဲ့ဝင်တွေ ကန့်ကွက်

  • 28 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ဥပဒေ နဲ့ အညီ တားဆီး ပိတ်သိမ်း ရေး ဆွေးနွေး ကြဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုင်ငံပေါင်း ၁၂၀ ကျော် က အဆိုပြု တင်ပြ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ လုပ်တဲ့ နျူကလီးယား လက်နက် တွေ ပိတ်သိမ်းရေး ဆွေးနွေးမှု ကို အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေက လက်တွေ့မကျတဲ့ ဆွေးနွေးမှု လို့ ဆိုကာ ကန့်ကွက် ခဲ့ကြပါတယ်။

နျူကလီးယား လက်နက် တွေကို ဥပဒေ နဲ့ အညီ တားဆီး ပိတ်သိမ်း ရေး ဆွေးနွေး ကြဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုင်ငံပေါင်း ၁၂၀ ကျော် က အဆိုပြု တင်ပြ ခဲ့ကြတာ ဖြစ်ပါတယ်။

နျူကလီးယား ဖျက်သိမ်း ရေး နဲ့ နိုင်ငံ လုံခြုံရေးဟာ အချိတ်အဆက် ရှိပါတယ်။ အခုချိန်မှာ နျူကလီးယား ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အတွက် လက်နက် ဖျက်သိမ်း ရေး အတွက် နိုင်ငံတကာ ရဲ့ သဘောတူညီဖို့ လိုအပ်ကြောင်း ဂျပန် သံအမတ်ကြီး နိုဘူရှီဂေ တာကာမီဇာဝါ က ပြောပါတယ်။

လုံခြုံရေး ကောင်စီမှာ ဆွေးနွေးမဲ့ အစီအစဉ် က နျူကလီးယား လက်နက်တွေကို ဥပဒေနဲ့ အညီ ကန့်သတ် နိုင်မဲ့ လှုပ်ရှားမှု တစ်ခု ဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံ အများ အပြား က ယူဆ နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား လို နိုင်ငံမျိုး က ကုလသမဂ္ဂ ရဲ့ သဘောတူညီချက် တွေကို လိုက်နာမှာ မဟုတ်တဲ့ အတွက် အခု ဆွေးနွေးမှု က အဖြစ်မှန် နဲ့ ဆန့်ကျင် နေကြောင်း အမေရိကန် နိုင်ငံ ဆိုင်ရာ သံအမတ် နစ်ကီ ဟယ်လေး က ပြောကြား သွား ပါတယ်။