စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာ အမိန့်တရပ် သမ္မတ ထရမ့် လက်မှတ်ရေးထိုး

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption သူလက်မှတ် ရေးထိုးလိုက်တဲ့ အမိန့်အရ မိုင်းလုပ်သားတွေအတွက် အလုပ်တွေ ဖန်တီးပေးနိုင်တယ်လို့ သမ္မတ ထရမ့် ပြော

ကမ္ဘာကြီး ပူနွေးလာနေမှုကို တားဆီးဖို့ အရင်သမ္မတ အိုဘာမား ချမှတ်ခဲ့တဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပစ်မယ့် သမ္မတ လုပ်ပိုင်ခွင့် အမိန့်တခုကို အမေရိကန် သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီ လက်မှတ်ရေးထိုးပွဲမှာ အမေရိကန် မိုင်းလုပ်သားတွေနဲ့အတူ ဒုသမ္မတ၊ စွမ်းအင်ဝန်ကြီးနဲ့ ပါတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီအဖွဲ့ အကြီးအကဲ အပါအဝင် အမေရိကန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ စွမ်းအင် ထုတ်လုပ်တဲ့ ကာလသစ်တခုကို အစပြုပေးမှာ ဖြစ်ပြီး ကျောက်မီးသွေး ထုတ်လုပ်မှု လုပ်ငန်းကို တိုးမြှင့်ပေးမှာ ဖြစ်သလို ကျောက်မီးသွေးသုံး စွမ်းအင် စက်ရုံတွေမှာ လောင်စာ ဓါတ်ငွေ့ ထုတ်လွှတ်မှု ကန့်သတ်ထားတာတွေကို လျှော့ချပေးမှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

ဒါပေမယ့်လည်း ပြန်လည် သန့်စင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ စွမ်းအင်ကဏ္ဍကသာ ကျောက်မီးသွေးထက် လူတွေကို အလုပ် ပိုပေးနိုင်တာလို့ အကဲခတ်တွေက ထောက်ပြ ဝေဖန်နေကြပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေက သမ္မတထရမ့်ရဲ့ အမိန့်ကို ကြိုဆို ချီးကြူးခဲ့ကြပေမယ့် ပါတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူတွေကတော့ သမ္မတ ထရမ့်ရဲ့ အမိန့်ကို ဝေဖန် ရှုတ်ချ လိုက်ကြပြီး တရားရုံးမှာ ကန့်ကွက် သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ