ပြင်သစ် သမ္မတလောင်းရဲ့ ဇနီး ရဲရဲ့ အစစ်ဆေးခံရဖို့ ရှိ

  • 29 မတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အလုပ်မလုပ်တဲ့ ဇနီးအတွက် ပြည်သူ့ဘဏ္ဍာငွေထဲကနေ လစာတွေ ထုတ်ပေးခဲ့တယ်လို့ ပြင်သစ် သမ္မတလောင်း အစွပ်စွဲခံထားရ

ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတလောင်း Francois Fillon ရဲ့ ဇနီး Penelope Fillon ကို ရဲက တရားဝင် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။

သူတကယ် အလုပ်မလုပ်ပဲ ပြည်သူ့ ဘဏ္ဍာငွေထဲကနေ သူ့ခင်ပွန်းက သူ့ကို လစာငွေ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ငွေ အလွဲသုံးစားမှု၊ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ Penelope Fillon ကို စုံစမ်း စစ်ဆေးမှာ ဖြစ်ပါတယ်။

လာမယ့်လ သမ္မတ ရွေးကောက်ပွဲအတွက် ကွန်ဆားဗေးတစ် ပါတီ သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ့် မစ္စတာ Fillon ကို အဲဒီ အမှုနဲ့ ပတ်သက်လို့ တရားဝင် စစ်ဆေး မေးမြန်းဖို့ လုပ်ခဲ့အပြီး သီတင်းနှစ်ပတ်အကြာမှာ အခု ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

မစ္စတာ Fillon ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အခု သူ့ဇနီးကိုလည်း တရားဝင် စစ်ဆေး မေးမြန်းမယ် ဆိုတဲ့ အတွက် သူ့ရဲ့ သမ္မတလောင်း မဲဆွယ်မှုတွေအပေါ် နောက်ထပ် ထိခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ