တရုတ် နဲ့ အမေရိကန် သမ္မတ တွေ့ဆုံမယ်

  • 30 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား ဒုံးကျည် အရေး တွေ နဲ့ ပတ်သက်လို့ မစ္စတာ ထရမ့် က တောက်လျှောက် ဝေဖန်မှုတွေ လုပ်ခဲ့

တရုတ် သမ္မတ ရှီကျင်းပင် ဟာ အခု လာမယ့် ရက်တွေမှာ အမေရိကန် နိုင်ငံကို အလည်အပတ် သွားရောက်ပြီး သမ္မတ ထရမ့် နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံကြားရေး ဝန်ကြီး ဌာနက အတည်ပြု ပြောကြား လိုက်ပါတယ်။

တရုတ် နဲ့ အမေရိကန် သမ္မတ နှစ်ဦး ဟာ ဖလော်ရီဒါ ပြည်နယ် က ဒေါ်နယ် ထရမ့် ပိုင်ဆိုင်တဲ့ Mar-a-Lago စံအိမ်မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ရဲ့ ကုန်သွယ်ရေး မူဝါဒ၊ တောင်တရုတ် ပင်လယ် က ကျွန်းတု တည်ဆောက်မှု၊ မြောက်ကိုရီးယား ဒုံးကျည် အရေး တွေ နဲ့ ပတ်သက်လို့ မစ္စတာ ထရမ့် က တောက်လျှောက် ဝေဖန်မှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ ဒုံးကျည် ကာကွယ်ရေး စနစ် တည်ဆောက် ခဲ့တဲ့ အမေရိကန် နိုင်ငံ ရဲ့ လုပ်ရပ် အပေါ်မှာ တရုတ် ဘက်က လည်း အမြင် မကြည်လင်မှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။