တောင်ကိုရီးယား သမ္မတဟောင်း အဖမ်းခံရပြီ

  • 30 မတ် 2017
Image caption ရက် ၂ဝ ကြာတဲ့ အထိ ချူပ်နှောင် ထားခွင့် ရှိ

တောင်ကိုရီးယား နိုင်ငံမှာ သမ္မတ ရာထူး နေရာက ဖယ်ရှားခံ ထားရတဲ့ ပတ် ဂွန်-ဟေး ကို အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ ဖမ်းဆီး လိုက်ပါတယ်။

ပတ် ဂွန်-ဟေး ရဲ့ ရှေ့နေတွေနဲ့ အစိုးရ ရှေ့နေတွေရဲ့ နှစ်ဘက် လျှောက်လဲချက် တွေကို လျှောက်လဲချက်တွေကို တရားရုံးတော်က ကြားနာ ခဲ့ပြီးတဲ့နောက် သမ္မတဟောင်းကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းကို ရုံးတော်က မတ်လ ၃ဝ ရက်၊ ကြာသပတေး မနက် အစောပိုင်းမှာပဲ အတည်ပြု ခဲ့ပါတယ်။

မစ္စ ပတ် အပေါ် စွဲဆိုထားတဲ့ လာဘ်ငွေ လက်ခံမှုနဲ့ သမ္မတ အာဏာကို အလွဲသုံးစား လုပ်မှုတွေ နဲ့ ပတ်သက်ပြီး စုံစမ်း နေစဉ် ကာလ အတွင်း ရက် ၂ဝ ကြာတဲ့ အထိ သမ္မတဟောင်းကို ချူပ်နှောင် ထားခွင့် ရှိနေပါတယ်။

တောင်ကိုရီးယား လွှတ်တော်က မစ္စ ပတ်ကို သမ္မတ ရာထူး နေရာက ဖယ်ရှား နိုင်ဖို့ ပြစ်တင် စွဲဆိုမှုတွေ ပြုလုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် အခြေခံ ဥပဒေ ခုံရုံးကလည်း အတည် ပြုပေး ခဲ့တဲ့နောက် မစ္စပတ်ဟာ ရာထူး နေရာကနေ ဖယ်ရှား ခံထားရတာ ဖြစ်ပါတယ်။