ဒလိုင်းလားမားက တရုတ်နဲ့ နယ်စပ်ပြဿနာရှိတဲ့ အိန္ဒိယနယ်ဘက်သွားလို့ ကန့်ကွက်ခံရ

  • 1 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒလိုင်းလားမားဟာ ၁၉၅၉ ကတည်းက အိန္ဒိယနိုင်ငံဘက်ကို အမေရိကန် ထောက်လှမ်းရေး ဗဟို စီအိုင်အေရဲ့ အကူအညီနဲ့ ပြည်ပြေးအဖြစ် ရောက်ရှိနေခဲ့

အိန္ဒိယနိုင်ငံ အရူနာချဲ ပရာဒေ့ရှ်ပြည်နယ်က တရုတ်နဲ့ နယ်နမိတ် အငြင်းပွားစရာ ဖြစ်နေတဲ့ ဒေသကို တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား လာရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ကန့်ကွက်စကား ပြောခဲ့ပါတယ်။

အိန္ဒိယဟာ ရှိပြီးသား နယ်စပ် ပြဿနာကို ပိုပြီး ရှုပ်ထွေးအောင် မလုပ်ဖို့လိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အရူနာချဲ ပရာဒေ့ရှ်ကို တိဘက်တောင်ပိုင်းလို့ ခေါ်တွင်ပြီး သူပိုင်ဖြစ်တယ်လို့ တရုတ်ဘက်က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဒလိုင်း လားမားဟာ အရူနာချေ ပရာဒေ့ရှ်ဘက်ကို မသွားခင် အိန္ဒိယ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒလိုင်းလားမားကတော့ သူ့ရဲ့ ခရီးစဉ်ဟာ သူ့ရဲ့ အတွေးအခေါ်ကို လူတွေနဲ့ ဝေမျှဖို့နဲ့ ဘာသာအသီးသီး သဟဇာတ ဖြစ်မှုကို အားပေးဖို့ လာတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒလိုင်းလားမားဟာ ၁၉၅၉ ကတည်းက အိန္ဒိယနိုင်ငံဘက်ကို အမေရိကန် ထောက်လှမ်းရေး ဗဟို စီအိုင်အေရဲ့ အကူအညီနဲ့ ပြည်ပြေးအဖြစ် ရောက်ရှိနေခဲ့တာ ဖြစ်ပြီး ဒရမ်ရှာလာနယ်ဘက်မှာ တိဘက် အဝေးရောက် အစိုးရ ခေါင်းဆောင်အဖြစ် နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ