မြောက်ကိုရီးယား နျူအန္တရာယ်ကို အမေရိကန် တုံ့ပြန်မယ်။

  • 3 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ ထရမ့်နဲ့ မစ္စတာ ရှီကျင့်ပင်တို့ လာမယ့် သီတင်းပါတ်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ ရှိ

အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယားရဲ့ နျူကလီးယား အန္တရာယ်ကို အမေရိကန်နိုင်ငံအနေနဲ့ ကိုယ့်တဦးတည်း တုံ့ပြန် ရင်ဆိုင်သွားမယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

တကယ်လို့ မြောက်ကိုရီးယား အပေါ် တရုတ်က ဖိအားတွေ နောက်ထပ် မပေးဘူး ဆိုရင်တော့ အမေရိကန် ဘက်က အရင်စပြီး အရေးယူမှုတွေ လုပ်ရဖွယ် ရှိတယ်လို့ The Financial Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ ထရမ့်က ပြောသွားတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ပင်တို့အကြား ပထမဆုံးအကြိမ်အဖြစ် အခုသီတင်းပတ်အတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတဲ့အခါ မြောက်ကိုရီးယား နိုင်ငံရဲ့ လတ်တလော မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေအကြောင်း အဓိက ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ သူတို့ နှစ်ဦး မတွေ့ဆုံခင် မစ္စတာ ထရမ့်ရဲ့ လုံခြုံရေး အကြံပေးတွေက သူတို့ တင်ပြထားတဲ့ မူဝါဒပိုင်း ရွေးချယ်မှုတွေကို အပြီးသတ်အကောင်အထည်ဖို့ တက်သုတ်ရိုက် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ