စိန့်ပီတာစ်ဘာ့ဂ်ရဲ့ မြေအောက် ဘူတာရုံ ၂ ရုံမှာ ပေါက်ကွဲမှုဖြစ်

  • 3 ဧပြီ 2017
Image caption ရထားလိုင်းတွေ အားလုံးကို ပိတ်ချ

ရုရှား နိုင်ငံက အဓိက ဆိပ်ကမ်း မြို့ကြီး ဖြစ်တဲ့ စိန့်ပီတာစ်ဘာ့ဂ်ရဲ့ မြေအောက် ရထား ဘူတာရုံတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁ဝ သေဆုံး သွားပါတယ်။

မြို့လယ်ခေါင်က ဆနားရား ပလိုချတ်နဲ့ တက္ကနိုလိုဂျီချင်စကီး အင်စတီကျူ့ ဘူတာရုံတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ် ရောက်လာတဲ့ ဓာတ်ပုံတွေထဲ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး နေတဲ့ ရထားတွဲကို တွေ့နေရပြီး အနီးမှာ ဒဏ်ရာ ရသူတွေလည်း ရှိနေပါတယ်။

အကြမ်းဖက်ဝါဒကို အခြေခံ တိုက်ခိုက် ခံခဲ့ ရတာလား ဆိုတာ အပါအဝင် ဒီ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်သမျှ အားလုံးကို စုံစမ်း ဖော်ထုတ် သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

ဒီ မြေအောက် ဘူတာရုံ ပေါက်ကွဲမှုတွေ အတွင်း ဒဏ်ရာ ရသူတွေ အယောက် ၅ဝ ထက် မနည်း ရှိနိုင်တယ်လို့ တချို့ ရုရှား သတင်းဌာနတွေက ပြောနေပါတယ်။

အခုဆိုရင် စိန့်ပီတာစ်ဘာ့ဂ် တစ်မြို့လုံးက မြေအောက် ရထားလိုင်းတွေ အားလုံးကို ပိတ်ချထားပြီး အစောင့်အကြပ်တွေ တိုးမြှင့် ချထား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ