ရုရှားမှာ လုံခြုံရေး အသင့်အနေအထား ချထား

  • 4 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူတွေအတွက် လွမ်းသူ့ပန်းစည်းတွေ သမ္မတ ပူတင် လာရောက် ချခဲ့

ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့က မြေအောက်ရထားပေါ်မှာ ပေါက်ကွဲမှုတခုအတွင်း လူ ၁၁ဦး သေဆုံးပြီး ၄၀ကျော် ဒဏ်ရာ ရခဲ့အပြီး ရုရှားနိုင်ငံမှာ လုံခြုံရေး အသင့်အနေအထား ချထားပါတယ်။

ရုရှား စုံစမ်းစစ်ဆေးသူတွေက ဒီပေါက်ကွဲမှုကို အကြမ်းဖက် တိုက်ခိုက်မှုတခုအဖြစ် သတ်မှတ်လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

အာရှအလယ်ပိုင်းဒေသက အသေခံ ဗုံးခွဲသူတဦးက စနက်တံဖြုတ် ဗုံးခွဲခဲ့တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေး သတင်းရပ်ကွက်ကို ကိုးကားပြီး မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

နောက်ဗုံးတခုကိုတော့ နောက်တနေရာမှာ ထပ်တွေ့ခဲ့ပြီး စနက်တံဖြုတ် တားဆီးလိုက်နိုင်ခဲ့ပါတယ်။

သေဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းခွေတွေ လာရောက် ချကြတဲ့ မြေအောက်ဘူတာရုံတခုရဲ့ အဝင်ခန်းမမှာ သမ္မတ ပူတင်ကလည်း ပန်းစည်းတွေ ကိုယ်တိုင် လာချသွားခဲ့ပါတယ်။

စိန့်ပီတာစ်ဘာ့ဂ်မြို့မှာ သမ္မတပူတင်ကို လုံခြုံရေး အဖွဲ့က အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ဒီမြေအောက်ရထား ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေအတွက် ၃ရက်ကြာ ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ဖို့ စိန့်ပီတာစ်ဘာ့ဂ်မြို့ အာဏာပိုင်တွေက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ