ဗုံးလက်သည် အဖြစ် ယူဆရသူဟာ ကာဂစ္စတန်ကဖြစ်

  • 4 ဧပြီ 2017
Image caption ဝမ်းနည်း ကြေကွဲဖွယ် ၃ ရက် ကြေညာ

ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘာ့ဂ်မြို့ ရထား ဘူတာရုံကို ဗုံးခွဲ တိုက်ခိုက် ခဲ့သူအဖြစ် သံသယ ရှိရသူဟာ ကာဂစ္စတန် Kyrgyzstan နိုင်ငံ ဇာတိ ဖြစ်ပြီး ရုရှား နိုင်ငံသား ခံယူထားသူ ဖြစ်တယ်လို့ ကာဂစ္စတန် နိုင်ငံ ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

စိန့်ပီတာစ်ဘာ့ဂ် တိုက်ခိုက် ခံခဲ့ရမှု အတွင်း လူ ၁၄ ယောက် သေဆုံး ခဲ့ရပြီး၊ ၄၉ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

မြေအောက်ရထား ဘူတာရုံ နှစ်ခုကို ဗုံးခွဲခဲ့သူဟာ Osh ဆိုတဲ့ မြို့သား ၁၉၉၅ ခုနှစ်ဖွား အက္ကဘာဂျွန်း ဂျာလီလစ်ဖ် ဖြစ်တယ်လို့ ကာဂစ္စတန် နိုင်ငံ ထောက်လှမ်းရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီသူဟာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ် သတင်း အမျိုးမျိုး ထွက်နေ ပါတယ်။

စိန့်ပီတာစ်ဘာ့ဂ်မှာ အာဏာပိုင်တွေက ဝမ်းနည်း ကြေကွဲဖွယ် ၃ ရက် ကြေညာ ထားပါတယ်။

ရုရှား သမ္မတ ပူတင်လည်း ဗုံးတွေ ပေါက်ခဲ့စဉ် သူ့ ဇာတိမြို့ဖြစ်တဲ့ စိန့်ပီတာစ်ဘာ့ဂ်မှာ ရှိနေ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ