ဂျပန်ပင်လယ်ထဲ မစ်ဆိုင်းဒုံးတခု မြောက်ကိုရီးယား ပစ်လွှတ်

  • 5 ဧပြီ 2017

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် ရန်စတဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့ဘူးလို့ ဂျပန်ပြော

မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဆင်ပို ဆိပ်ကမ်းမြို့ကနေ ဂျပန်ပင်လယ်ထဲကို အမျိုးအစားမသိရတဲ့ ကျည်ဖူးတခု ကို မြောက်ကိုရီးယား အစိုးရက ပစ်လွှတ်ခဲ့တယ် ဆိုပြီး တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အကြီးအကျယ် ပြဿနာရှာတဲ့ လုပ်ရပ် ဖြစ်တယ် ဆိုပြီး ဂျပန် အစိုးရက ဒေါသတကြီး တုံ့ပြန် ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် ရန်စနေမှုတွေကို ဂျပန်နိုင်ငံအနေနဲ့ ဆက်သည်းခံ နိုင်တော့မှာ မဟုတ်ဘူးလို့ ဂျပန် ကက်ဘိနက် ဝန်ကြီးအဖွဲ့ အကြီးအကဲ ယိုရှီဟီဒီ ဆူဂါက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ပင် အမေရိကန် သမ္မတ ထရမ့်နဲ့ မတွေ့ခင်တရက်အလိုမှာပဲ မြောက်ကိုရီးယားက တာလတ်ပစ် ထိပ်ဖူးတပ် မစ်ဆိုင်းဒုံးတခုကို အခုလို ပစ်လွှတ်လိုက်တာပါ။

အမေရိကန် တရုတ်ခေါင်းဆောင်နှစ်ဦး တွေ့ဆုံတဲ့အခါ မြောက်ကိုရီးယား အစိုးရရဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံး စီမံကိန်းတွေကို ဘယ်လို ဟန့်တားမလဲဆိုတာကို ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ