ရေငုပ် သင်္ဘော ဆောက်ဖို့ တိုင်ဝမ် အတည်ပြု

  • 5 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုင်ဝမ် သမ္မတ စိုင်အင်ဝမ်း ရေငုပ်သင်္ဘောများအား စစ်ဆေးနေစဉ်

ထိုင်ဝမ်က တရုတ် ရန်က ကာကွယ်ဖို့ ရေငုပ် သင်္ဘော ၈ စီး တည်ဆောက်ဖို့ ရည်ရွယ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

ဒီလို တည်ဆောက်ဖို့ ကြိုးပမ်းတာ အခု ပထမဆုံး ဖြစ်ပါတယ်။

သာမန် အားဖြင့် အမေရိကန်က ရောင်းတဲ့ လက်နက်တွေကို ထိုင်ဝမ်က အားကိုးရတာဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းဖို့ လိုလားတဲ့ တရုတ်ဘက်က ကန့်ကွက်မှု ကြောင့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဝယ်ယူမှု နှေးကွေးခဲ့ပါတယ်။

လောလောဆယ် ထိုင်ဝမ်မှာ အိုဟောင်းနေတဲ့ ရေငုပ် သင်္ဘော လေးစီးသာ ရှိပါတယ်။ နယ်သာလန်က နှစ်စီးနဲ့ ဒုတိယကမ္ဘာစစ်က ဆောက်ခဲ့တဲ့ အမေရိကန်က နှစ်စီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။