ဆီးရီယားမှာ ဓါတုဓါတ်ငွေ့သုံး တိုက်ခိုက်တဲ့ကိစ္စ သမ္မတ ထရမ့် ဝေဖန်

  • 6 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဓါတုဓါတ်ငွေ့သုံး တိုက်ခိုက်တာဟာ လူမဆန်တဲ့ စော်ကားမှုလို့ သမ္မတထရမ့် ပြော

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုအတွင်း လူအတော်များများ ဓါတု ဓါတ်ငွေ့အဆိပ်သင့်ခဲ့ရတာဟာ လူမဆန်တဲ့ စော်ကားမှု ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။

ခန်း ရှိတ်ခေါင်း မြို့မှာ အင်္ဂါနေ့တုန်းက ဓါတု လက်နက် သုံးခဲ့တယ် ဆိုတဲ့ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ် ကို အမေရိကန်နဲ့ တခြား အနောက်အုပ်စု နိုင်ငံကြီးတွေက ပြစ်တင် စွပ်စွဲထားကြပါတယ်။

သမ္မတ ထရမ့်က အဲဒီတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ အဖြစ်ဟာ သူ့ကို အတော်လေး စိတ်ထိခိုက်သွားစေခဲ့ကြောင်းနဲ့ အဲဒီ ဖြစ်ရပ်ကို တွေ့ပြီးတဲ့နောက် ဆီးရီးယား အစိုးရနဲ့ သမ္မတ အာဆတ် အပေါ်ထားတဲ့ သူ့ရဲ့ သဘောထား အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း ပြောပါတယ်။

ဒီကိစ္စ မတိုင်ခင်အထိကတော့ သမ္မတ အာဆတ်ကို ရာထူးကနေ ဖြုတ်ချဖို့ ကိစ္စက အဓိက ဦးစားပေး ကိစ္စအဖြစ် မသတ်မှတ်ထားခဲ့ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ