ဆီးရီးယားမှာ ဓါတု လက်နက် အသုံးပြုလို့ တူရကီ အတည်ပြု

  • 6 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကလေးငယ် ၂၀ ဉီး သေဆုံး

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ခန်း ရှိတ်ခေါင်း မြို့က လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ သေဆုံး ခဲ့ကြသူတွေကို ရင်ခွဲ စစ်ဆေး ရာမှာ ဓါတု အဆိပ် လက်နက် ကြောင့် သေဆုံး ခဲ့ရတာ ဖြစ်ကြောင်း တူရကီ က အတည်ပြု ပြောကြားပါတယ်။

ဓါတု လက်နက် တွေကို အသုံးပြု ခဲ့တဲ့ ဆီးရီးယား သမ္မတ ဘာရှာ အာဆတ် ရဲ့ တပ်တွေမှာ အဓိက တာဝန် ရှိကြောင်း တူရကီ တရားရေး ဝန်ကြီး ဘီကာ ဘို့ဒက်ဇ် က ပြောပါတယ်။

ဒါပေမယ့် အခုလို စစ်ဆေး အဖြေ ထုတ် ဖို့ အတွက် ဘယ်လို ဓါတု လက်နက် ကျွမ်းကျင်သူ ကို ဆီးရီးယား ကို စေလွှတ် ခဲ့တာလဲ ဆိုတဲ့ မေးခွန်း ကိုတော့ တူရကီ တရားရေး ဝန်ကြီး က ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။

တူရကီ ရဲ့ ပြောကြားမှု နဲ့ ပတ်သက်လို့ ရုရှ အစိုးရ ပြောခွင့် ရ ပုဂ္ဂိုလ် ဒီမီထရ ပက်စကော့ က

လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ ကောက်ချက်ချဖို့ စောလွန်း ပါသေးတယ်။ ဓါတု လက်နက် နဲ့ တိုက်ခိုက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှု ကိုလည်း သုံးသပ်ဖို့ အချိန်စော လွန်း သေးကြောင်း သူက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တူရကီ ရဲ့ ပြောကြားချက် နဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရ ကလည်း အပြင်းအထန် ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ