ထရမ့်နဲ့ ပထမဆုံး အကြိမ် ဆုံဖို့ သမ္မတရှီ ရောက်လာ

  • 6 ဧပြီ 2017
Image caption အားပြိုင်မှုတွေ ပေါ်ထွက် လာနိုင်

တရုတ်သမ္မတ ရှီကျင်းပင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံဖို့ရာ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိ လာခဲ့ပါပြီ။

ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ထရမ့်ရဲ့ ကိုယ်ပိုင် မာရာလာဂို စံအိမ်ကြီးမှာ တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။

သမ္မတရှီရဲ့ အခု အမေရိကန် ခရီးစဉ် ဟာ ၂၄ နာရီပဲ ကြာမြင့်မှာ ဖြစ်ပေမယ့် တရုတ်ပြည်နဲ့ ကြား စီးပွားရေး ဆက်ဆံရာမှာ အမေရိကန် ကုန်သွယ်ရေး လိုငွေ ပြနေတာ အပါအဝင် မြောက်ကိုရီးယား အရေးတို့လို အင်မတန် စိတ်ဝင်စားဖို့ ကောင်းပြီး လူတွေ အာရုံစိုက် နေကြတဲ့ ကိစ္စချင်းရာတွေကို သမ္မတ နှစ်ဦး ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ခေါင်းဆောင် နှစ်ဦးရဲ့ ပထမဆုံး အကြိမ်တွေ့ဆုံပွဲမှာ ထင်မှတ် မထားတဲ့ အားပြိုင်မှုတွေ ပေါ်ထွက် လာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထရမ့် အနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွဲ ကတိတွေထဲမှာ တရုတ် နိုင်ငံရဲ့ ကုန်သွယ်ရေး မူဝါဒ တွေကို ပြင်းပြင်းထန်ထန် ထိုးနှက် ပြောဆို ထားပါတယ်။