ဆွီဒင်မြို့တော်မှာ ကားနဲ့ ဝင်တိုက်မှု ဖြစ်

  • 7 ဧပြီ 2017
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကားနဲ့ တိုက်ခိုက်မှု ဖြစ်ပြီးနောက် လူတွေ ထွက်ပြေးကြ

စတော့ဟုမ်း မြို့တော်ရဲ့ ဒရော့နင်း ဂေါတန် ဘုရင်မလမ်းမှာ ကားတစီးနဲ့ လူတွေကို ဝင်တိုက်တဲ့ အတွက် သေကြေ ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ ဆွီဒင်ရဲက ပြောပါတယ်။

ဒေသစံတော်ချိန် နေ့လည် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ပါ။

လော်ရီ ကားဟာ စတိုးဆိုင်တစ်ခုကို ဝင်တိုက်တာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် လူ ရှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ခဲ့တဲ့ အခြေအနေတွေအရ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုနိုင်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လော့ဗန်က ပြောပါတယ်။

စတော့ဟုမ်းမြို့ရဲ့ တခြားနေရာမှာလည်း သေနတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အခုအခါ ဆွီဒင်ရဲတွေ လုံခြုံရေး ယူထား

လောလောဆယ်မှာ မြေအောက်ရထားခရီးစဉ်တွေကို ပိတ်ထားခဲ့ပြီး အဓိက ဘူတာက လူတွေကိုလည်း ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

လူတွေကိုလည်း မြို့လယ်ခေါင် နေရာကို မလာကြဖို့ ရဲတွေကတိုက်တွန်းထားတယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်မှု ပြုလုပ်တဲ့ ကားဟာ ဘီယာချက် စက်ရုံတရုံနားမှာ လုယူခံခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။