ကမ္ဘာ့တည်ငြိမ်းရေး အမေရိကန်ကြောင့် ပျက်စေတယ်

  • 9 ဧပြီ 2017
Image caption ဟုမ်းစ် မြို့ကနေ သူပုန် လက်ကျန်တွေ ထွက်ခွာ

အမေရိကန်က ဆီးရီးယား လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ဒေသတွင်းသာမက နိုင်ငံတကာ တည်ငြိမ်ရေးကိုပါ ပျက်ပြား စေတယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာဆင်ကို တယ်လီဖုန်းကနေ ပြစ်တင် ပြောဆိုခဲ့ပါတယ်။

လေကြောင်းကနေ ဓာတုလက်နက်သုံး တိုက်ခိုက် ရာမှာ ဆီးရီးယား အစိုးရ အသုံးပြု ခဲ့တဲ့ လေတပ် စခန်းကို အမေရိကန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့အပြီး အနောက်အုပ်စု နိုင်ငံတွေနဲ့ အာဆတ် အစိုးရရဲ့ မဟာမိတ် ရုရှား အကြား ဆက်ဆံရေး ဆိုးရွား နေတာ ဖြစ်ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ သူ့ရဲ့ မော်စကို ခရီးစဉ်ကို ၄၈ နာရီ အလိုမှာပဲ ဖျက်သိမ်း လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံထဲ နောက်ဆုံး ဖြစ်ပျက် ခဲ့တာတွေဟာ အခြေအနေကို လုံးဝ ပြောင်းသွား စေတယ်လို့ ဝန်ကြီး ဂျွန်ဆက်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တစ်လာဆင်ကတော့ မူလက စီစဉ်ထားတဲ့ အတိုင်း ရုရှားကို သွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားထဲကို ကြည့်ရင်တော့ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့ကနေ သူပုန် လက်ကျန် တွေနဲ့ သူတို့ မိသားစုဝင်တွေဟာ သဘောတူမှု ရထားသလို မြို့ကနေ ထွက်ခွာ နေပါတယ်။

သူတို့ဟာ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက် ခံခဲ့ရတယ် ဆိုတဲ့ အစ်ဒ်လစ်ဘ် ပြည်နယ်ထဲ ဦးတည် ဆုတ်ခွာ နေတာ ဖြစ်ပါတယ်။

သူပုန် ထိန်းချုပ်မြေ အစ်ဒ်လစ်ဘ် နယ်ထဲမှာတော့ လေကြောင်းတိုက်ခိုက်မှု နောက်တစ်ကြိမ် ရှိလာ ခဲ့ပြန်ပြီး ၊ အနည်းဆုံး လူ ၁၈ ယောက် သေဆုံး ခဲ့ရတယ် ဆိုပြီး ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ