အီဂျစ်မှာ ခရစ်ယာန်ကျောင်းတွေ ဗုံးခွဲခံရ

  • 9 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အနည်းဆုံး လူ ၂၅ ယောက် သေဆုံးပြီး လူ ၇၀ ကျော်လောက် ဒဏ်ရာရ

အီဂျစ်နိုင်ငံက ကော့ပတစ် ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူ အများအပြား သေဆုံးခဲ့ရပါတယ်။

ပထမတကြိမ် ပေါက်ကွဲမှုဟာ တန်တာမြို့က စိန့်ဂျော့ ဘုရားကျောင်းမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အနည်းဆုံး လူ ၂၅ ယောက် သေဆုံးပြီး လူ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် နာရီပိုင်း အတွင်းမှာပဲ အလက်ဇန်းဒရီးရား ဒေသက စိန့်မာခ် ဘုရားကျောင်းမှာလည်း ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေရဲ့ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာ ချက်ချင်း မထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့က သူတို့လုပ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ဟာ အခုလို ကော့ပတစ် ခရစ်ယာန်တွေကို တိုက်ခိုက်မှု အရှိန်မြှင့်မယ်လို့ အွန်လိုင်းမှာ ခြိမ်းခြောက်ထားခဲ့ဖူးပါတယ်။