ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်စစ်သင်္ဘောတွေပို့

  • 9 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကားလ်ဗင်ဆင် တိုက်ခိုက်ရေး အုပ်စုလို့ခေါ်တဲ့ ရေတပ်သင်္ဘော အုပ်စုကို စေလွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက အတည်ပြု

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ထိပ်ဖူးတပ် ဒုံးကျည် စမ်းသပ်မှုတွေကြောင့် အမေရိကန်နဲ့ အခြေအနေတွေ တင်းမာနေတဲ့ အချိန်မှာပဲ အမေရိကန်က လေယာဉ်တင် သင်္ဘောနဲ့ ဒုံးကျည်ဖျက်သင်္ဘောတွေ ပါဝင်တဲ့ ရေတပ် အုပ်စုတခုကို ကိုရီးယား ကျွန်းဆွယ်ရဲ့ အနီးနားကို စေလွှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ လတ်တလော လုပ်ဆောင်မှုတွေကို တန်ပြန်ဖို့အတွက် ကားလ်ဗင်ဆင် တိုက်ခိုက်ရေး အုပ်စုလို့ခေါ်တဲ့ ရေတပ်သင်္ဘော အုပ်စုကို စေလွှတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယားရဲ့ နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ထိန်းပေးဖို့ တရုတ်သမ္မတ ရှီကျင်းပင်ကို တိုက်တွန်းခဲ့ပါတယ်။

ဒီလို တိုက်တွန်းပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ တာလတ်ပစ် ထိပ်ဖူးတပ် ဒုံးကျည် တစင်းကို ထပ်မံ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပစိဖိတ်သမုဒ္ဒရာ တပ်ဖွဲ့ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီဒေသတွင်းမှာ မြောက်ကိုရီးယားက အဓိကပစ်မှတ် ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေကို အပြစ်တင်ထားပြီး သူတို့ကို သိမ်းပိုက်ဖို့ လေ့ကျင့်မှုအဖြစ် သတ်မှတ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ