အကြမ်းဖက်တိုက်ခိုက်တာလို့ ဆွီဒင် ကုန်ကားတိုက်သူ ၀န်ခံ

  • 11 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကြားနားမှုကို တံခါးပိတ် ပြုလုပ် ခဲ့တာ ဖြစ်ပေမယ့် သတင်းသမားတွေနဲ့ ပြည့်နေခဲ့

ဧပြီလ ၇ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဖြစ်ခဲ့တဲ့ ကုန်ကားနဲ့ လူတွေကို တိုက်မှု ကျူးလွန်ခဲ့ သူလို့ ယူဆရတဲ့ ကားမောင်းသူဟာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံ ပြောဆို လိုက်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါ တယ်။

ဥဘက်ဇ်ကစ္စတန် က အသက် ၃၉ နှစ်အရွယ် Rakhmat Akilov က တရာရုံးကြား နာ မှု မှာ အခုလို ဝန်ခံ လိုက်တာ ပါ။

ဒီတိုက်ခိုက်မှု အတွက် သူ့မှာ တာဝန်ရှိတယ်လို့လည်း ပြောကြားသွားပါတယ်။

အဲဒီတုန်းက ကုန်ကားနဲ့ ကုန်တိုက် တခုထဲ မောင်းဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံး သွားခဲ့ရကာ၊ လူအတော် များများလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေထဲက ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေ အနေမှာ ရှိနေ ပါတယ်။

Rakhmat Akilov က သူဟာ အကြမ်း ရာဇဝတ်မှု တခုကို ကျူးလွန်ခဲ့ကြောင်း၊ ဒီအတွက် သူ့ကို ဖမ်းဆီး ထိန်းသိမ်း မှာကို လက်ခံ ကြောင်း သူ့ရဲ့ ရှေ့နေ ဖြစ်သူ ဂျွန် အဲရစ်ခ်ဆင် က ပြောပါတယ်။

ဒီကနေ့ တရားရုံး ကြားနာမှု အတွက် လုံခြုံရေး ကို အထူး တင်းကျပ်ထားပြီး၊ ကြားနားမှုကို တံခါးပိတ် ပြုလုပ် ခဲ့တာ လည်း ဖြစ်ပါတယ်။

ဒါပေမယ့် သတင်း သမားတွေနဲ့လည်း ပြည့်နေပါတယ်။

တရားခံ Rakhmat Akilov ဟာ တကိုယ်လုံး အစိမ်းရောင် ၀တ်ထားပြီး၊ သူ့ခေါင်းမှာ ခြုံထားတဲ့ အစိမ်းရောင် စောင်ကို ကြားနာမှု မစခင် ဖယ်ခိုင်းတယ်လို့ သိရပါတယ်။