ဘတ်စ်လန်း ဓါးစားခံ သေဆုံးမှု ရုရှမှာ အပြစ်ရှိလို့ ဥရောပ တရားရုံးဆုံးဖြတ်

  • 13 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရှ ဘက်က အဆမတန် အင်အား အများအပြား အသုံးပြု ခဲ့တယ်လို့ ဥရောပ သမဂ္ဂ လူ့အခွင့်အရေး တရားရုံး က ဆုံးဖြတ်

၂၀၀၄ ခုနှစ်တုန်း က ချေချင်း ခွဲထွက်ရေး သမားတွေ သိမ်းပိုက် ထားတဲ့ ဘက်စ် လန်း စာသင်ကျောင်း ကို ဝင်ရောက် စီးနင်းမှု လုပ်ခဲ့စဉ်မှာ ရုရှ က ဓါးစာခံ တွေကို အကာ အကွယ် ပေးဖို့ ပျက်ကွက် ခဲ့ကြောင်း ဥရောပ သမဂ္ဂ ရဲ့ လူ့အခွင့် အရေး တရားရုံး က အမိန့်ချမှတ် ခဲ့ ပါတယ်။

ချေချင်း ခွဲထွက်ရေး သမားတွေ က အဲဒီ ကျောင်းမှာ ဓါးစာခံ တစ်ထောင် ကျော်ကို ဖမ်းဆီး ထားခဲ့ပြီး ရုရှ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ရာမှာတော့ လူပေါင်း ၃၃၄ ဦး သေဆုံး ခဲ့ရပြီး အများစု ဟာ ကလေး ငယ်တွေ ဖြစ်ကြ ပါတယ်။

အဲဒီ စီးနင်းမှု အတွင်းမှာ ရုရှ ဘက်က အဆမတန် အင်အား အများအပြား အသုံးပြု ခဲ့တယ်လို့ ဥရောပ သမဂ္ဂ လူ့အခွင့်အရေး တရားရုံး က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဘတ်စ်လန်း စီးနင်းမှု ကနေ လွတ်မြောက် လာသူ တစ်ဦး က အပြစ်ရှိသူတွေ ကို တရား စွဲဆိုခွင့် ရစေချင်ပြီး အနည်းဆုံး တစ်ယောက် က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံ စေချင်ပါတယ်။ အဲဒီ စီးနင်း မှု ကို လုပ်ခဲ့သူတွေဟာ အဲဒီ ဒေသမှာပဲ ရှိသေးကြောင်း ပြောကြား ခဲ့ပါတယ်။

ချေချင် ခွဲထွက်ရေး သမားတွေက ဘတ်စ်လန်း ကျောင်း က ဓါးစာခံ တွေကို ဖမ်းဆီး မှု မလုပ် ခင်မှာ ထောက်လှမ်းရေး သတင်းတွေ ရပေမယ့် ရုရှ အနေနဲ့ တားဆီး မှုတွေ လုပ်ဖို့ ပျက်ကွက် ခဲ့တယ်လို့ ဥရောပ သမဂ္ဂ လူ့အခွင့်အရေး တရားရုံး က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ လူ့အခွင့်အရေးတရားရုံး ရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်လို့ အယူခံ ဝင်သွားမယ်လို့ ရုရှ တာဝန်ရှိသူတွေက ပြောပါတယ်။