အိန္ဒိယမှာ ဝင်ငွေခွန်ရှောင်သူတွေ စစ်မယ်

  • 14 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အိန္ဒိယရဲ့ ဝင်ငွေခွန်ဌာနက သူတို့ရဲ့ စီမံချက်နဲ့ စုံစမ်းမှုတွေရဲ့ ဒုတိယအဆင့်ကို ဒီကနေ့ စတင်

အိန္ဒိယနိုင်ငံမှာ အခွန်မဆောင်ပဲ ဝင်ငွေရှိနေသူ လူပေါင်း ခြောက်သောင်းကျော်ကို စစ်ဆေးမယ်လို့ အိန္ဒိယ အခွန်အရာရှိတွေက ပြောပါတယ်။

အိန္ဒိယရဲ့ ဝင်ငွေခွန်ဌာနဟာ သူတို့ရဲ့ စီမံချက်နဲ့ စုံစမ်းမှုတွေရဲ့ ဒုတိယအဆင့်ကို ဒီကနေ့ စတင်လိုက်ပြီး အခွန်မဆောင်ထားတဲ့ ငွေဝင်မှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

အခုလို အခွန်မဆောင်တဲ့ကိစ္စ တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက တန်ဖိုးမြင့် ငွေစက္ကူတွေကို ရုတ်သိမ်းခဲ့ပြီး အကြီးအကျယ်ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

အခုလို ငွေစက္ကူ ရုပ်သိမ်းကြောင်း ကြေညာတဲ့ ပြီးခဲ့နှစ် နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး လက်ရှိနှစ် ၂၀၁၇ ဖေဖော်ဝါရီလအထိ အိန္ဒိယနိုင်ငံသားတွေရဲ့ တရားဝင် အစိုးရကို မကြေညာပဲ ဝင်နေတဲ့ ဝင်ငွေ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ သုံး ဘီလီယံအထိ ရှိတယ်လို့ အိန္ဒိယ ဝင်ငွေခွန်ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ