ကယ်ထုတ်လာသူတွေရဲ့ ယာဉ်တန်း ဗုံးခွဲခံရ

  • 15 ဧပြီ 2017
Image caption သေဆုံး သူတွေထဲ ကလေး သူငယ်တွေလည်း ပါဝင်

ဆီးရီးယား နိုင်ငံမှာ အစိုးရတပ်က ထိန်းချုပ်ထားပြီး၊ သူပုန်တွေ ဝိုင်းထားတာ ခံနေရတဲ့ ကျေးရွာ နှစ်ရွာက သူတွေကို ဘေးလွတ်ရာ သယ်ထုတ် လာတဲ့ ဘတ်စ်ကား ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက် ခံလိုက်ရတဲ့ အတွက် လူ ၄ဝ ကျော် သေဆုံး သွားပါတယ်။

အလက်ပိုမြို့ ဆင်ခြေဖုံး အရပ်မှာ ရှိတဲ့ ဖူအာနဲ့ ကဖာရာ ဆိုတဲ့ ကျေးရွာတွေက သူတွေကို တင်ဆောင်လာတဲ့ ယာဉ်တန်း အသေခံ ကားဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပျက်စီး မီးလောင် နေတဲ့ ဘတ်စ်ကားတွေရဲ့ နံဘေး လူသေလောင်းတွေ ပြန့်ကြဲ နေတာမှာ သေဆုံး သူတွေထဲ ကလေး သူငယ်တွေလည်း ပါဝင်တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

မြို့တော် ဒမတ်စ်ကပ်စ် အနီး၊ အစိုးရတပ်တွေ ဝိုင်းထားတဲ့ မြို့ နှစ်မြို့ကနေ ဆွန်နီ သူပုန်တွေကို ထွက်ခွာခွင့် ပေးခဲ့တာရဲ့ အပြန်အလှန် အနေနဲ့ သူပုန်တွေ ဘက်ကလည်း ပြန်လည် လမ်းဖွင့် ပေးခဲ့တဲ့ ယာဉ်တန်း အခုလို တိုက်ခိုက် ခံလိုက်ရတာပါ။

ဒီလို တိုက်ခိုက် ခံခဲ့ရပေမယ့် ရှိနှင့်ပြီး သဘောတူမှု အတိုင်း ကယ်ထုတ်ရေး အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့ စိုင်းပြင်း နေပါတယ်။

အစိုးရနဲ့ သူပုန်တပ်တွေ ကိုယ်စီ ဝိုင်းထားတဲ့ နေရာ ၄ နေရာမှာ အပြန်အလှန် လမ်းကြောင်းတွေ ဖွင့်ပေးဖို့ သဘောတူမှု ရလာအောင် အီရန်နဲ့ ကာတာ နိုင်ငံတို့က ကြားဝင် ညှိနှိုင်း ပေးထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ