မိုက်ခ်ပင့်စ် တောင်ကိုရီးယားကို သွားနေ

  • 15 ဧပြီ 2017
Image caption မြောက်ကိုရီးယား စစ်ရေး အင်အားပြ

ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေး တင်းမာ နေချိန်မှာပဲ၊ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပင့်စ် တောင်ကိုရီးယား မြို့တော် ဆိုးလ်ကို သွားရောက် နေပါတယ်။

ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ အတူ ရပ်တည်မယ် ဆိုတဲ့ သဘောထားကို အခိုင်အမာ ပြသလိုတဲ့ အတွက် သွားရောက်တာ ဖြစ်တယ်လို့ မစ္စတာ ပင့်စ်ရဲ့ ရုံးအဖွဲ့က ထုတ်ပြန် ထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယာနဲ့ ဒုံးကျည် အစီအစဉ်တွေ အပေါ် ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲ ဆိုတာကို အမေရိကန် ဒုတိယ သမ္မတ အလေးထား ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။

မြောက်ကိုရီးယား ဘက်က ရေငုပ် သင်္ဘောမှာ တပ်ဆင်တဲ့ ထိပ်ဖူးတပ် ဒုံးကျည်တွေလိုမျိုး လက်နက် အသစ်တွေ အပါအဝင် စစ်ရေး အင်အားပြ ချီတက်ပွဲ ပြုံယမ်း မြို့တော်မှာ ပြုလုပ် ခဲ့ပြီး နာရီ အနည်းငယ် အကြာမှာပဲ အခုလို အမေရိကန် ဒုသမ္မတ တောင်ကိုရီးယားကို ထွက်ခွာ လာတာ ဖြစ်ပါတယ်။