၅ ပေထိ ရှည်တဲ့ သင်္ဘောတီကောင်တွေ တွေ့

  • 18 ဧပြီ 2017
Image caption သင်္ဘောတီကောင်နဲ့ အမျိုးတူတဲ့ ယောက်သွားတွေ

ဖိလစ်ပိုင်က နိုင်ငံတကာ သိပ္ပံ ပညာရှင် တစုက ရှားပါး ပင်လယ် သတ္တဝါ တမျိုးကို ပထမဆုံးအကြိမ် သက်ရှိထင်ရှား တွေ့ရှိကြောင်း ကြေညာ ခဲ့ပါတယ်။

သင်္ဘောတီကောင် လို့ ခေါ်တဲ့ ဒီပင်လယ်မျှော့တွေဟာ ၅ ပေထိ ရှည်လျားနိုင်ပြီး ၂ လက်မထိ ဗြက်အကျယ် ရှိတတ်ပါတယ်။

ဒီတီကောင်ကြီး ၅ ကောင်ကို မင်ဒါနာအို ကျွန်းက ပင်လယ်အော် တခုမှာ ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ပြင်သစ် ပညာရှင်တွေ ရှာတွေ့ခဲ့ကြတာပါ။

သူ့ကိုယ်ထည်ကို အခွံမာနဲ့ အုပ်ထားပြီး ရွှံ့နွံတွေထဲမှာ ခေါင်းစိုက်ပြီး အစာရှာတတ်ပါတယ်။

သင်္ဘောတီကောင် လို့ ခေါ်ပေမယ့် တီကောင်ထက် ယောက်သွား ကမာတွေနဲ့ ပိုနီးစပ်ပါတယ်။

ဒီတီကောင်ကြီးတွေ ရှိမှန်းသိတာ ကြာပြီဖြစ်ပေမယ့်လည်း တခါမှ သက်ရှိထင်ရှား လေ့လာလို့ရတဲ့ အကောင် နမူနာကို မရခဲ့ဘဲ ခုမှ စတွေ့ရတာ ဖြစ်ပါတယ်။